"နောက်မှပြောမယ် ငါအခုမအားဘူး"
ရုံးခန်းထဲမဝင်ခင်အတွင်းထဲကနေကြားလိုက်ရတဲ့အသံကြောင့်အ​ခြေအနေကိုခန့်မှန်းမိလိုက်သည်။
"လျော်ကြေး? ဘာအတွက်လဲ ကွာရှင်းဖို့လား"
"ယံလေး!!"
"ကျွန်တော်ခင်ဗျားကိုမမေးဘူးမင်းအက္ခရာ ကျေးဇူးပြုပြီးဝင်မပါပါနဲ့"
"....."
"အစ်မပြောတာ ကျွန်တော်ကလျော်ကြေးယူပြီးထွက်သွားပေးရမှာလား"
"သိပ်ဟုတ်တာပေါ့ တို့မှာကိုယ်ဝန်ရှိနေပြီ ဒီတော့မင်းက ကို့ကိုကွာရှင်းပေး"
"ကိုယ်ဝန် အဟက်! ကိုမင်းအက္ခရာ ဒီကိစ္စကို အိမ်မှာရှင်းကြတာပေါ့ ညနေစောပြန်ခဲ့ပါ ခင်ဗျားမိန်းမကိုလဲခေါ်လာခဲ့ပေါ့"
ဒုန်းးးးးးးးးး
*အားလျန် အခုလာစမ်း!*
[ခညာ လာလို့ရဝူးလေ Hostအိမ်ပြန်ခဲ့]
*အေး အိမ်ရောက်ရင်မင်းနာဖို့ပြင်ထား*
ယူလာတဲ့ထမင်းချိုင့်ကို မင်းအက္ခရာရဲ့ရုံးခန်းရှေ့ထားခဲ့လိုက်ပြီး အိမ်ကိုသာပြန်လာခဲ့လိုက်တော့သည်။ အိမ်ရောက်တော့ ဧည့်ခန်းမှာထိုင်စောင့်နေတဲ့ မင်းအိန္ဒြာယံကိုတွေ့လိုက်ရသည်။
"အားလျန် မင်းငါ့ကိုပြောတဲ့ထဲ ကိုယ်ဝန်ရှိနေတာမပါဘူး ဘာလို့ဟိုမိန်းမကကိုယ်ဝန်ရှိနေတာလဲ"
"မင်းအက္ခရာကမြင်းကြောထထားတာနေမှာပေါ့လို့"
"တယ်! ငါလုပ်လိုက်ရ အဲ့ကိစ္စစုံစမ်းပေး ဟိုကင်မရာကိစ္စရော"
"အဲ့ဒါက ဒီလိုရှိတယ်Host....."
"ဟုတ်ပြီ လောလောဆယ် ငါ့ကိုတစ်ခုကူညီ"
"ဘာလုပ်ပေးရမလဲ"
"မင်းရဲ့မူလပုံစံခဏပြောင်းပေး"
"ဗျာ!!!"
"အခု!"
အားလျန် သူ့Hostဘာလုပ်ချင်နေတာလဲနားမလည်ပေမဲ့ မူလပုံစံကို​ပြောင်းလိုက်သည်။ ရုတ်တရက်သူ့ကိုဖက်လိုက်တဲ့ Hostကြောင့်ကြောင်အသွားပေမဲ့ အိမ်ထဲဝင်လာတဲ့မင်းအက္ခရာကိုတွေ့လိုက်တော့နားလည်သွားတော့သည်။