ပြောရင်းမျက်ရည်တွေပါကျလာတဲ့သူကြောင့် ဧည့်ကြိုကောင်တာကအစ်မက သူ့ဘက်ကဝင်ပြောလာသည်။
"ဟုတ်ပါတယ်သူဋ္ဌေး ဒီမောင်လေးကသူဋ္ဌေးကိုအကြောင်းကြားပေးဖို့ပြောပြီးစောင့်နေတာကို မန်နေဂျာကရန်ရှာတာပါ နာမည်ကြီးချင်လို့သူဋ္ဌေးနားလိုက်ကပ်ပြီးပိုးပန်းနေတာလို့လဲပြောပါတယ်"
"ယုယ နင်!!"
*တော်တယ်အစ်မယုယ မန်နေဂျာရာထူးတိုးစေရမယ်*
"မင်းကိုမီ့သူငယ်ချင်းမလို့အလုပ်ခန့်ပေးထားတာကို နေရာတကာဝင်မပါရင်ကောင်းမယ် ငါ့အတွင်းရေးမှူးဆီက၃လစာယူပြီးထွက်သွားလိုက်တော့ ဪ ပြီးတော့..."
ဖြောင်းးးးးးးးး
"ဒါကယံလေးကိုရိုက်လို့ မင်းသွားလို့ရပြီ"
ခရာရင်ခွင်ထဲကသူလေးကိုငုံ့ကြည့်လိုက်တော့ မျက်လုံးကလေးဝိုင်းစက်နေပြီး သူ့ကိုအံ့ဩတဩမော့ကြည့်နေသည်။
*မင်းကိုကိုယ်ကာကွယ်ပေးမှာပါကလေး*
ခရာတိမ်လွှာထက်ယံရဲ့ခေါင်းလေးကိုပုတ်ပေးလိုက်ပြီး ခပ်ဖွဖွနမ်းကာ လက်ထဲကထမင်းချိုင့်ကိုပြောင်းယူပြီးရုံးခန်းထဲခေါ်သွားလိုက်သည်။
"လာယံလေး ကိုယ်တို့အတူတူစားကြမယ်"
"ဟုတ်"
ရုံးခန်းထဲရောက်တော့ ထမင်းချိုင့်ကိုစားပွဲပေါ်ချလိုက်ပြီး ကိုယ့်ဘာသာထိုင်စားနေတဲ့တိမ်လွှာထက်ယံကြောင့် မင်းအက္ခရာကြောင်ကြည့်နေမိသည်။
"ကိုယ့်အတွက်ကရော"
"ဟိုအစ်မကပြောတာ ခင်ဗျားက ခင်ဗျားချစ်သူရဲ့လက်ရာပဲကြိုက်တာဆိုလို့လေ"
"အယ်..."
"ပြောသေးတယ် ခင်ဗျားနဲ့ခင်ဗျားချစ်သူက နေနဲ့လလိုလိုက်ဖက်တယ်တဲ့"
"ဟွန်းးးး သဝန်တိုတာလား"
"တိုလို့ရောရလား"
မျက်နှာငယ်လေးနဲ့သူ့ကိုမော့ကြည့်နေတာတဲ့သူလေးကြောင့် စိတ်မကောင်းဖြစ်ရပြန်သည်။ တကယ်တော့သူ့အမှားလဲမကင်းဘူးလေ သူသာမဖောက်ပြန်ရင် ဟင်းးးးး ပြင်ဆင်ဖို့နောက်မကျသေးဖို့မျှော်လင့်ရတာပဲ။