"အစ်မ မင်းအက္ခရာနဲ့တွေ့ချင်လို့ပါဗျ"
"ချိန်းဆိုထားတာရှိလားမောင်လေး"
"ချိန်းထားတာတော့မရှိပါဘူး တိမ်လွှာထက်ယံလို့ပြောလိုက်ရင် သူသိပါတယ်ဗျ"
"ဟုတ်ပြီမောင်လေး ခဏစောင့်ပေးနော်"
"ရပ်လိုက်ယုယ ချိန်းထားတာမရှိဘဲအကြောင်းကြားမပေးနဲ့"
တိမ်လွှာထက်ယံ သူ့အနောက်ကထွက်လာတဲ့မိန်းမကိုသေချာကြည့်လိုက်တော့ မန်နေဂျာအစ်မ​ဖြစ်နေသည်။
"ဒီကအစ်မ အစ်မတို့သူဋ္ဌေးကကျွန်တော့်ကိုသိပါတယ်"
"သိတယ်ဆိုတိုင်းအကြောင်းကြားပေးရမှာလား ပြီးတော့သူဋ္ဌေးနဲ့သိတယ်ဆိုတာဘာသက်သေရှိလို့လဲ မင်းတို့လိုကောင်လေးတွေက နာမည်လိုချင်တိုင်းအကောင်ကြီးကြီးကိုလိုက်ကပ်နေတတ်တယ်လေ"
"ဒီမှာအစ်မ လူစကားပြောပါ ကျွန်တော့်ဘက်က အစ်မတို့သူဋ္ဌေးကိုလိုက်ကပ်တွယ်နေစရာဘာအကြောင်းမှမရှိဘူး အခုလဲထမင်းချိုင့်လာပို့ရုံပဲ"
လက်ထဲကိုင်ထားတဲ့ထမင်းချိုင့်ခြင်းကိုမြှောက်ပြလိုက်တော့ ထိုမိန်းမကခနဲ့တဲ့တဲ့ရယ်သည်။
"သူဋ္ဌေးက မေမီ့လက်ရာပဲကြိုက်တာ လိုက်ပိုးပန်းမနေနဲ့ သူဋ္ဌေးနဲ့မေမီကနေနဲ့လပဲ အဟက်"
[Host Hostလူကြီးလာနေတယ် Hostအနောက်မှာ]
"လက်စသတ်တော့ အစ်မကမ​မေမီလွင်ရဲ့
နော​က်လိုက်ခွေးလေးပဲ"
"ဘာ!!!! နင်ကများ"
ဖြောင်းးးးးးး
*အားလျန်ဒီမိန်းမလက်စပြင်းလိုက်တာ*
တိမ်လွှာထက်ယံ အားပြင်းတဲ့ရိုက်ချက်ကြောင့်နောက်ကိုလဲကျသွားပေမဲ့ အေးစက်စက်ကြမ်းပြင်အစား နွေးထွေးတဲ့ရင်ခွင်ထဲရောက်သွားသည်။
"ယံ အဆင်ပြေရဲ့လား"
သူ့ကိုကြည့်ပြီးစိုးရိမ်တကြီးမေးနေတဲ့မင်းအက္ခရာကြောင့် နောက်ထပ်နည်းနည်းလောက်ပိုဟန်ဆောင်ဖို့တွေးလိုက်သည်။
"အဟင့်... ယံက ထမင်းချိုင့်လာပို့တာပါ
အဲ့ဒါကို ဟင့်....ဒီကအစ်မကဝင်ခွင့်မပေးဘူး"