"ဘာ!!!! ဘယ်ကောင်မကယူရဲတာလဲ"
[ဒီလိုကြနိုးတယ်နော်]
"မသာကောင်လေး"
[ဒီနေ့အရေးကြီးတယ်လေ Hostကအိပ်နေတာလေ]
"ကုအိမ်တော် အားးးးးငါနောက်ကြနေပြီ"
ကုတင်ပေါ်ကနေအော်ဟစ်ပြီးဆင်းပြေးသွားတဲ့Hostဖြစ်သူကို မနိုင်ဘူးဆိုသည့်သဘောဖြင့်ခေါင်းခါပြီးသာစောင့်နေလိုက်သည်။
ချန်လင်ကုမ္ပဏီသွားဖို့ပြင်ဆင်နေတုန်း အောက်ထက်ကဆူညံသံတွေကြားတာကြောင့် ပြေးဆင်းလာမိတော့ လုယွင်လည်ပင်းမှာဓားထောက်ခံထားရပြီး ချန်ဝေကဒူးထောက်ထားသည်။
"အိုးဟို ငါတို့ရဲ့သခင်လေးဆင်းတော်မူလာပြီပဲ"
"ချောင်လုံမင်းဘာလိုချင်တာလဲ"
"မင်းရဲ့နေရာ"
ချန်လင်သူ့ရဲ့ကောကိုကြည့်လိုက်တော့ ချန်ဝေကသူ့ကိုတောင်းပန်တဲ့အကြည့်တွေနဲ့ကြည့်နေသည်။ ကြည့်ရတာဆက်ခံသူကသူဆိုတာချောင်လုံကိုပြောပြလိုက်ပြီထင်တယ်။
"အာ့!"
"သည်းငယ်!!!"
"လုယွင်!!!"
"မင်းစဥ်းစားတာကြာရင် သူ့အသက်အာမမခံဘူးနော်"
လုယွင်လည်ပင်းထဲဓားသွားကဖြေးဖြေးချင်းနစ်ဝင်နေပြီး သွေးတွေစီးကျလာသည်။ ချန်ဝေထပြေးလာတော့ ခြေထောက်ကိုသေနတ်ပစ်ခံလိုက်ရသည်။ ချန်ဝေကမှုပုံမပေါ် ခါးကြားကသေနတ်ထုတ်ပြီး ချောင်လုံနောက်က၃ယောက်ကိုပစ်လိုက်သည်။
"အခုရပ်လိုက်ကုချန်ဝေ မင်းသူ့ကိုမလိုတော့တာလား"
လုယွင်လည်တိုင်ဓားထောက်ထားတာကြောင့်အကြပ်ရိုက်နေရသည်။ သူ့ဆုံးဖြတ်ချက်ကလုယွင်ကိုပဲမဟုတ်ဘူး သူ့ကောရဲ့ဘဝနဲ့ပါသက်ဆိုင်နေသည်။ ချန်လင်စဥ်းစားနေတုန်း အိမ်တံခါးဝမှာအဖြူရောင်အရိပ်လေးတွေ့လိုက်ရသည်။ သေချာကြည့်လိုက်တော့ သူ့ကိုတိတ်တိတ်နေဆိုပြီးလက်ဟန်လုပ်ပြနေသည်။ ချန်ဝေကိုအရိပ်အကဲပြပြီးညီအစ်ကိုနှစ်ယောက်အဖြူလုံးလေးဘာလုပ်မလဲစောင့်ကြည့်နေလိုက်သည်။ ချန်လင်ကချောင်လုံတို့ကိုအာရုံလွဲထားပေးလိုက်သည်။