"ယွီမင် ဒီထဲမှာနင်လိုအပ်လောက်မယ့်အချက်လက်တွေရှိတယ် ငါကူညီပေးနိုင်တာတော့ဒါအကုန်ပဲ"
"အင်း ကျန်တာငါ့ကိုယုံလိုက်ပါရှင်းအာ"
"အင်း ငါနင့်ကိုယုံပါတယ်ယွီမင် နင်လုပ်နိုင်မှာပါ"
"ဒီကိစ္စတွေပြီးသွားရင် နင်ဘာလုပ်မယ်စဥ်းစားထားလဲ"
"ငါသူမဆီအရင်ဆုံးသွားမယ် ပြီးရင်လုယွင်ကိုသွားတွေ့မယ် ပြီးရင်တော့ ငါနိုင်ငံခြားကိုအပြီးထွက်မယ်ယွီမင် ဟိုကကုမ္ပဏီကိုဦးစီးပြီးဟိုမှာပဲနေတော့မယ်"
"အင်းပါ ငါ့ကိုတော့အဆက်သွယ်မဖြတ်နဲ့"
"အင်း နင်နားတော့လေ ငါ့အထင်နင်နားဖို့လိုအပ်နေပြီ"
"အင်း"
ရှင်းအာထွက်သွားတော့ ဖိုင်ထဲကအချက်အလက်တွေဖတ်ကြည့်ပြီး လိုအပ်တာတွေကိုသီးသန့်စုထုတ်လိုက်သည်။ အချက်လက်တွေထဲမှာ ချောင်လုံရဲ့တရားမဝင်လုပ်ငန်းတွေ တရားခွင်နဲ့မလွတ်ကင်းတဲ့လုပ်ရပ်တွေပါဝင်နေသည်။ ဒါတွေရယ် ကုအိမ်တော်ရဲ့အင်အားရယ်ပေါင်းရင်ချောင်လုံပြေးမလွတ်မှာသေချာနေပြီ လီအိမ်တော်ကပါဖိအားပေးလိုက်ရင် ချောင်လုံလွတ်လမ်းမှန်သမျှပိတ်သွားလိမ့်မည်။
"ဘယ်သူရှိလဲ ဝင်ခဲ့"
ပါးကသူ့အတွက်အခန်းနဲ့မလှမ်းမကမ်းမှာ အစောင့်တွေမသိမသာစီစဥ်ပေးထားသည်။ ပါးစီစဥ်ပေးထားတဲ့လူယုံ၁၀ယောက်ကလဲ တစ်ယောက်မဟုတ်တစ်ယောက်အမြဲရှိနေတတ်သည်။
"သခင်လေး"
"ဒီဖိုင်တွဲကို ပါးသူငယ်ချင်းရဲမှူးကျိုးဆီ အခုချက်ချင်းအရောက်ပို့ပေး"
"ဟုတ်ကဲ့ပါသခင်လေး"
ဟူးးးးခုမှပဲနားရတော့တယ် တစ်နေကုန်ချောင်လုံကိစ္စအတွက်လုပ်နေရတာ ခုမှပဲနားချိန်ရတော့တယ်။ အင်း မနက်ဖြန်ကဒီကိစ္စတွေအားလုံးရဲ့အဆုံးသတ်ဖြစ်လိမ့်မယ်။ သူဒီအရာတွေကိုအမြန်အပြီးသတ်စေချင်နေပြီဖြစ်သည်။
[Hostထတော့ ဂါးးးးးးဒီလိုနေ့လဲအိပ်နေတာသိုးလို့ Hostအိပ်ပုတ်ရေ Hostလင် မိန်းမယူသွားပါပြီ]