ဖန့်ကျစ်ဟာ ဉာဏ်ကောင်းသူဖြစ်တာကြောင့် အခြေအနေကို ချက်ချင်း သိလိုက်ပါပြီ။

ဒါက ဆရာ့ရဲ့ လက်စားချေမှုပါ။

‌နက်နဲမြေကမ္ဘာမှာ ဆရာရဲ့ ရန်သူဘက်တော်သားတွေ အများကြီးရှိနေခဲ့တယ် မဟုတ်လား။

သူတို့တွေက သူ့ဆရာရဲ့ဒေါသကို ဘယ်လိုလုပ်ပြီး ခံနိုင်ကြမှာလဲ။

ဒါကိူတွေးပြီးနောက် ဖန့်ကျစ်ဟာ သွေးတွေတောင် ဆူပွက်သွားရပါတယ်။

နောက်ဆုံးမှာတော့ သူက တော်ဝင်အကြံပေးနဲ့ အဆက်သွယ်လုံးဝ ဖြတ်တောက်တော့မှာလား။

ဒါပေမဲ့ ဒီနောက်ကွယ်မှာ ဖန့်ဝူကျင်း ရှိ၊မရှိကို သူမသိပါဘူး။ တကယ်လို့ သူ့ဘာသာ တစ်ယောက်တည်း လိုက်လုပ်နေတာဆိုရင်တော့တကယ် ကြောက်စရာပါပဲ။

အားလုံးကို တိတ်တဆိတ် သတ်ပစ်ဖို့ သူဘယ်လိုများ စဉ်းစားမိလဲ။

ဖန့်ကျစ်အံ့ဩ‌တာက တော်ဝင်အကြံပေးဘက်မှာ လူ တစ်ယောက်မှမကျန်ဘဲ အားလုံး အသတ်ခံခဲ့ရတာပါ။

ဒီအထဲမှာ ဖန့်ကျစ်မသိတဲ့ သူတချို့တောင်ပါပေမဲ့ သူတို့က တော်ဝင်အကြံပေးနဲ့ တစ်နည်းနည်းတော့ ပတ်သက်နေပါလိမ့်မယ်။

သူတို့တွေ အတူတူသေသွားတာက ဒီအချက်ကို သက်သေပြနေခဲ့ပြီ မဟုတ်လား။

ဆရာ... မင်းက ရက်စက်လွန်းတယ်။

ဒါပေမဲ့ မိုက်တယ်။

ရန်ညိုးဖွဲ့တာက ကောင်းတဲ့ကိစ္စမဟုတ်ပေမဲ့ ဒီလိုလူတွေအတွက်တော့ သူလုပ်ခဲ့တာ မမှားပါဘူး။

ဖန့်ကျစ်လည်း နန်းတော်ကို ဦးတည်လျှောက်သွားခဲ့ပါပြီ။ ဒီကိစ္စမှာ သူ့ဖခင် ပါတယ်၊ မပါဘူးဆိုတာ သူသိချင်ခဲ့ပါတယ်။

ဒီအထဲမှာ သူ့အဖေပါတယ်ဆိုရင်တော့ ဒါက တော်ဝင်အကြံပေးကိုရင်ဆိုင်ဖို့ ခြေလှမ်းစလိုက်ခြင်းပါ။

ယောက်ချီမြင့်မြတ်တိုင်းပြည်ရဲ့ ဖန်ဆင်းရှင်နှစ်ပါးကြားကတိုက်ပွဲဟာ နောက်ဆုံးတော့ နီးကပ်လာနေခဲ့ပါပြီ။

.......

စွန်းဝေမျက်လုံးမှာ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်နေလို့ပါ။ ကျင့်ကြံသူတွေ တစ်ဦးပြီးတစ်ဦး ထွက်လာခဲ့ပေမဲ့ သူ့လူတွေ တစ်ယောက်မှ မပါခဲ့ပါဘူး။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now