အပိုင်း ( 862 ) မင်းဘယ်သူ့ကိုလိမ်လာတာလဲ

288 43 2
                                    

အပိုင်း ( 862 ) မင်းဘယ်သူ့ကိုလိမ်လာတာလဲ

ဒါက ချူးယွန်ရဲ့နှလုံးသားထဲက လာတဲ့စကားပါ။

ချန်းပိနင်းဟာ ဆေးလုံးတွေရဖို့အတွက် နတ်ဆိုးသားရဲများစွာကို ဖမ်းဆီးရောင်းချခဲ့ရပါတယ်။

သူက အလွန်ရှားပါးပြီး အဖိုးတတ်နတ်ဆိုးသားရဲတွေကို မဖမ်းဆီးနိုင်ရင် တန်ဖိုးက နိမ့်ကျနေဦးမှာပါ။

ဒါကြောင့် နတ်ဆိုးသားရဲတွေကို ဖမ်းဆီးပြီး ဆေးလုံးတွေနဲ့ ပြန်လဲလှယ်ရတာက အလွန်ခက်ခဲ၊ပင်ပန်းလှပါတယ်။

ဒါကြောင့် ဒီမှာ အလကားအချိန်ဖြုန်းနေမှာထက်စာရင် သူ့ကို ကူညီပေးလိုက်တာက ပိုကောင်းပါလိမ့်မယ်။

သူက လှည့်ကင်းခန်းမကို သဘောမကျပေမယ့် ချန်းပိနင်းရဲ့ဇွဲကိုတော့ ‌တကယ်လေးစားပါတယ်။

တွေးကြည့်ပါ။ နဂါးဂိတ်ညီလာခံမှာ ပထမရဖို့ ပါရမီရှင်ဘယ်လောက်ကို ရင်ဆိုင်ဆိုင်ခဲ့ရမလဲ။ သူသာ လှည့်ကင်းခန်းမကို စွန့်လွှတ်ခဲ့ရင် သူ့ရဲ့အနာဂါတ်က တောက်ပနေမှာပါ။

ဘာပဲပြောပြော အခုအခြေအနေထက်တော့ သာလွန်ပါလိမ့်မယ်။

ဒါပေမယ့် လှည့်ကင်းခန်းမကို ထိန်းသိမ်းဖို့အတွက် သူလေ့ကျင့်ရမယ့် အချိန်ကောင်းတွေကိုတောင် စွန့်လွှတ်ခဲ့ပါတယ်။

အဆုံးမှာတော့ လှည့်ကင်းခန်းမက ပိုကောင်းမလာဘဲ သူ့အတွက် အချိန်ကောင်းတွေ နောက်ကျခဲ့ရတာပဲ အဖက်တင်ပါတယ်။

‌ချူးယွန်အတွက်တော့ ဆေးလုံးတွေသန့်စင်ဖို့က ဘာမှအချိန်မကြာပါဘူး။ အခြားတစ်ဖက်မှာတော့ ချန်းပိနင်းကို အကြပ်အတည်းက လွတ်မြောက်စေပါလိမ့်မယ်။

ဒါက ကောင်းမွန်တဲ့ကိစ္စပါ။

"နင်တကယ်ပြောနေတာလား"
ချန်းပိနင်း အနည်းငယ် အံ့အားသင့်သွားခဲ့ပါတယ်။ ချူးယွန်က ဒီလိုပြောလာမယ်လို့ ထင်မထားခဲ့ပါဘူး။

ဒီခဏမှာ သူ့စိတ်ထဲအလိုလိုတွေးလိုက်မိတယ်။
'ငါ့ရဲ့ဖိအားတွေကို မျှဝေပေးဖို့လူကို တကယ်တွေ့ပြီလား'

"အင်း… အမှန်ပဲ"
ချူးယွန် ခေါင်းညိတ်ပြီး ထူးကဲဆေးလုံးသုံးလုံးကို ထုတ်ယူလိုက်ပါတယ်။
"ခန်းမသခင်… ဒါက နင့်အတွက်"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now