821-825

354 44 0
                                    

အပိုင်း 821 မျက်စေ့တစ်မှိတ်အတွင်း ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခြင်း

အခုချိန်မှာ အေ့ဘစ်အုပ်ချုပ်သူလေးပါးလုံး ရောက်လာခဲ့ကြပါပြီ။

သူတို့လေးဦးလုံးက ကြောက်မက်ဖွယ်အော်ရာတွေ ထွက်ပေါ်နေလို့ပါ။ သူတို့ရဲ့ အရှိန်အဝါတွေကို လူတိုင်းခံစားနေခဲ့ရပါတယ်။

"နှစ်ပေါင်းဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ… ဘယ်‌လောက်တောင် လွမ်းစရာကောင်းလိုက်လဲ"
သားရဲကြီးတစ်ကောင်ကို စီးနင်းထားတဲ့ အေ့ဘစ်နော်တိုက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး နောက်ဆုံးမှာ သူ့အကြည့်က လူတွေအပေါ်ကို ကျဆင်းလာခဲ့ပါတယ်။

သူ့မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး
"ဘာလို့ လူနည်းနည်းလေးပဲ ရှိတာလဲဟ… ငါတို့သွားကြားတောင်ညှပ်မှာမဟုတ်ဘူး"

"ဒါပေမယ့်လည်း ငါတို့အပြင်ကိုထွက်လိုက်တာနဲ့ လူတွေအများကြီးတွေ့ရမှာပါ"
သူက လူသားတစ်ယောက်နဲ့ တူပေမယ့် သူ့မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေလို့ပါ။ ချွန်ထက်တဲ့အစွယ်နှစ်ချောင်းကလည်း ထွက်ပေါ်နေသေးတာကြောင့် နည်းနည်းတော့ကြည့်ရဆိုးပါတယ်။

"ငါအဲတာကို မစောင့်နိုင်တော့ဘူး"
ခေါင်းခုနစ်လုံးမြွေကြီးကလည်း ကြမ်းတမ်းခက်ထန်စွာ ပြောလိုက်ပါတယ်။ သူက လူတွေကိုတစ်ယောက်ချင်းကြည့်နေပြီး သူ့အကြည့်က ချူးယွန်အပေါ်မှာ ရပ်တန့်သွားခဲ့ပါပြီ။

မြွေကြီးရဲ့ ဦးခေါင်းခုနစ်ခုလုံးက မျက်လုံးတွေဟာ အရောင်တလက်လက် တောက်ပလာခဲ့ပါတယ်။

"မင်းပဲ… ဟီးဟီးဟီး"
အလယ်မှာရှိတဲ့မြွေခေါင်းက ချူးယွန်ကိုကြည့်ပြီး ပြောလိုက်ပါတယ်။

ထိုစဉ်က အေ့ဘစ်တိုက်ကြီးကနေ ချူးယွန်ထွက်ပြေးသွားပေမယ့် သူ့အနံ့ကိုရလိုက်ပါတယ်။ အခုအနားမှာရှိနေချိန် ဒီအနံ့ကပိုပြင်းထန်လာခဲ့ပါပြီ။

ဒါကြောင့် ချူးယွန်က အဲဒီနေ့က အေ့ဘစ်တိုက်ကြီး‌ကနေ ထွက်ပြေးလွတ်မြောက်သွားသူဆိုတာ သူသိလိုက်ပါတယ်။

"အို့… မင်းငါ့ကိုသတ်တာလား"
ချူးယွန် မျက်ခုံးပင့်လိုက်ပါတယ်။ ခေါင်းခုနစ်လုံးမြွေကြီးနဲ့ သူတစ်ခါမှမတွေ့ဖူးဘဲ သူ့ကို ဘယ်လိုသိနေမှန်း သူမသိပါဘူး။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now