1021-1026

295 40 0
                                    

1021+1026
အပိုင်း ( 1021 ) ဆရာ့ကိုယုံတယ်

လူတိုင်းစောင့်နေခဲ့ရဲ့ အထွတ်အထိပ်က တိုက်ပွဲဟာ နောက်ဆုံးမှာတော့ စတင်လာခဲ့ပါပြီ။

တစ်ဖက်မှာတော့ ချမ်ရန်ဟာ သိုင်းပြိုင်ပွဲရဲ့ ကိုးဆက်အထိ ပထမရခဲ့တဲ့ ရှေးဟောင်းသိုင်းခန်းမရဲ့ ခေါင်းဆောင်ပါ။ သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းကလည်း ထိုက်ယွမ်အကယ်ဒမီတစ်ခုလုံးမှာ ထိပ်တန်းပါပဲ။

အခြားတစ်ဖက်မှာလည်း ဖန့်ကျစ်က တော်ဝင်မင်းသားဆယ့်ရှစ်ပါ။ အရင်တုန်းက သူဟာ ဘာမှမဟုတ်ပေမယ့် လပိုင်းအတွင်းမှာတင် သူ့ခွန်အားက အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။ အခုဆို သူက ချမ်ရန်နဲ့တောင် တန်းတူညီလုနီးပါး ဖြစ်နေခဲ့ပါပြီ။

နောက်ပြီး ပိုင်ထန်ဟာ ဒီတစ်ခေါက်မှာ ဖျက်မြင်းတစ်ကောင်လိုဖြစ်နေပြီး သူတို့ရဲ့စွမ်းဆောင်ရည်ကည်း လူတိုင်းရဲ့‌မျှော်လင့်ချက်ကို ကျော်လွန်နေပါတော့တယ်။

ထူးကဲလွန်းတယ်။

ဒီစကားလုံးကလွဲပြီး နောက်ထပ် ရှင်းပြစရာ မရှိတော့ပါဘူး။

နောက်ပြီး ပိုင်ထန်ရဲ့အသွင်ဟာ ဘယ်တော့မှ အနိုင်မခံအရှုံးမပေးတဲ့ အသွင်မျိုးပါ။

တကယ်လည်း သူတို့တွေ လုပ်နိုင်ခဲ့ကြပါတယ်။

သူတို့ဟာ နောက်ဆုံးဗိုလ်လုပွဲကိုရောက်တဲ့အထိ ရှုံးပွဲတစ်ပွဲမှမရှိသေးပါဘူး။

ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဒီလူနှစ်ဦးကတော့ အမြင့်ဆုံးတွေကို ရောက်နေခဲ့ပါပြီ။ သူတို့နှစ်ဦးမှာ ဘယ်သူပဲနိုင်နေပါစေ၊ သမိုင်းဝင်ဖို့ ထိုက်တန်ပါတယ်။

'ထင်ထားတဲ့အတိုင်းပဲ… သူက ဒီအဆင့်ကို ရောက်နေပြီ"
ဖန့်ကျစ်က ချမ်ရန်ရဲ့လှုပ်ရှားမှုကို မြင်ပေမယ့် မအံ့ဩမိပါဘူး။

အရင်ကတော့ သူဟာ ချမ်ရန်အနေနဲ့ ဘယ်တော့မှ ရှုံးပွဲမတွေ့ရတဲ့အကြောင်းကို အမြဲတွေးကြည့်ခဲ့ဖူးပါတယ်။

ဘယ်လိုပြိုင်ဘက်မျိုးပဲဖြစ်ဖြစ် ချမ်ရန်က   တောင်ကြီးတစ်လုံးလို တည်ငြိမ်စွာနဲ့ပဲ ရင်ဆိုင်သွားခဲ့တာပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now