521 to 525

480 52 0
                                    

အပိုင်း 521 ရွှန်းဝူလိပ် ပန်းချီကား

"တာ့လင်... သူတော်စင်အဆင့်ဆေးလုံးဖော်ရင် နင်ဘယ်လောက်ကြာနိုင်လဲ"
ချူးယွန်မေးလိုက်တယ်။

တာ့လင် ခနစဉ်းစားပြီးနောက်
"သူတော်စင်အဆင့်ဆိုရင် အချိန်အတိုင်းတာ တစ်ခုတော့လိုလိမ့်မယ်"

"ဘယ်လောက်ကြာနိုင်လဲ"
ချူးယွန် စိတ်အားထက်သန်စွာမေးလိုက်တယ်။

ဒါက သူတော်စင်အဆင့်ဆေးလုံးလေ... သူမသာ သန့်စင်နိုင်ခဲ့ရင် ဒါက တိုင်ဂန်တိုက်ကြီးမှာ တစ်ခုထဲသောဆေးလုံးဖြစ်လာတော့မှာမဟုပ်လား?

"သုံးလ"
တာ့လင် စဉ်းစဉ်းစားစားနဲ့ ဆက်ပြောလိုက်ပါတယ်။
"သူတော်စင်အဆင့် ဆေးလုံးဖော်စပ်ဖို့ စွမ်းအင်အများကြီးသုံးရပြီး အာရုံစူးစိုက်မှုလည်း လိုအပ်တယ်... အနည်းဆုံး သုံးလတော့ ကြာမှာပဲ... ဒါပြီးရင် ငါအချိန်အတော်ကြာ အားနည်းသွားနိုင်တယ်"

"နင်ကြိုးစားကြည့်လို့ရတယ်"
ချူးယွန် ခနတိတ်ဆိတ်သွားပါတယ်။အရိပ်တောင်တန်းက ဖြစ်ရပ်ပြီးကတည်းက သူတို့ကြားဆက်ဆံရေးက နွေးထွေးမှုမရှိခဲ့ပါဘူး။

သူတို့က ပုံမှန် ဆက်သွယ်စကားပြောက ရယ်မောကြပေမယ့် အရင်ကလို ခံစားချက်လည်း မရှိကြတော့ပါ။

တာ့လင်လည်း ဘာမှမပြောပေမယ့် သူမရဲ့ ခံစားချက်တွေ ရှုပ်ထွေးနေခဲ့ပါတယ်။
"ဆရာချူး... ငါ့နောက်လိုက်ခဲ့ပါ"

"ဆရာချူးကို ကျေနပ်စေလောက်မဲ့ ရတနာရှိမှာပါ"
ဟေးဒီနဲ့ ဟေးယန်က အရှေ့ကနေ ဦးဆောင်လျှောက်လှမ်းသွားခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ ဦးဆောင်မှုနဲ့ ခန်းမအတွင်းကိုဝင်သွားကာ ရှည်လျားတဲ့ စင်္ကြန်လမ်းကြီးကို ဖြတ်လျှောက်ပြီးနောက် ကြီးမားတဲ့ ရတနာတိုက်အရှေ့ကို ရောက်လာခဲ့ပါပြီ။

ရတနာတိုက်ကိုတော့ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူအနည်းငယ်နဲ့ တင်းကြပ်စွာ ကာကွယ်ထားလို့။

ဒီအင်အားတစ်ခုထဲကတင် မဟာဂိုဏ်းကြီးတွေကို နင်းခြေပစ်ဖို့ လုံလောက်နေပါပြီ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now