886-890

315 42 0
                                    

အပိုင်း ( 886 ) ကောင်းကင်ဘုံသို့ ပထမငါးဦး

သူတို့တွေဟာ ချူးယွန်ကို မေးပြီးပါပြီ။ ကောင်းကင်ဘုံကိုတက်တာက မခက်ပါဘူး။

ကောင်းကင်ပေါ်ကို ပျံတက်ပြီး အတားအဆီးအပေါ်ကို လက်တင်လိုက်တာနဲ့ ကိုယ့်ရဲ့နယ်ပယ်ကို စစ်ဆေးခံရပါလိမ့်မယ်။

တစ်ယောက်က သူတော်စင်နယ်ပယ်ကို ရောက်နေပြီဆိုတာနဲ့ အတားအဆီးက စုပ်ယူသွားပြီး ကောင်းကင်ဘုံကို ပို့ဆောင်ပေးပါလိမ့်မယ်။

ဒါကိုကြားပြီးနောက် သူတို့တွေ ရယ်ရမလား၊ ငိုရမလား မသိပေမယ့် အတားအဆီးကိုမြင်ပြီးနောက် လေးနက်စွာ ကြည့်လိုက်ကြပါပြီ။

"ချူးယွန်ပြောတာ ဒီအတားအဆီးမဟုတ်လား"
ဝမ်ပိုကျန်းက အရှေ့ဆုံးမှာရပ်နေလို့။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပါတယ်။

သူက အကြီးဆုံးမို့ ခေါင်းဆောင်တစ်ဦးရဲ့ အသွင်ပြင်မျိုးရှိခဲ့ပါတယ်။

တန်းဟွာရန်က ဘုန်းကြီးရီနဲ့ ပုခုံးချင်းယှဉ်ကာ ရပ်နေပြီး အနောက်ဆုံးမှာက တန်းဇီရှမ်းနဲ့ ရီလီလီပါ။

"ဒီဟာဖြစ်သင့်တယ်"
တန်းဇီရှမ်း ခေါင်းညိတ်လိုက်ပါတယ်။ သူတို့က အလွန်မြင့်မားတဲ့နေရာကို ရောက်နေခဲ့ကြပါပြီ။ ဒီအမြင့်အထိ တော်ရုံဆို ဘယ်သူမှ လာကြမှာမဟုတ်ပါဘူး။

"ငါအရင်စမ်းကြည့်မယ်"
ဝမ်ပိုကျန်းက အရင်ဆုံး သူ့လက်ကို အတားအဆီးအပေါ်ကို တင်လိုက်ပါတယ်။

ချူးယွန်ပြောတဲ့အတိုင်း နွေးထွေးတဲ့စီးကြောင်းတစ်ခုက အတားအဆီးက‌နေ ထွက်ပေါ်လာပြီး သူ့သွေးကြောတွေထဲကို ဖြတ်သန်းသွားခဲ့ပါပြီ။

ဒီခံစားချက်က သိပ်မွေ့ပြီး အတော်ထူးခြားပါတယ်။

ဒါက သူ့ခန္ဓာကိုယ်ထဲမှာ တစ်ကြိမ်လှည့်ပတ်လိုက်တာနဲ့ အတားအဆီးက အနည်းငယ်ဝေဝါးလာခဲ့ပါပြီ။

ဝမ်ပိုကျန်းဟာ သူ့ရဲ့ခန္ဓာကိုယ်ကို စုပ်ယူဖို့ကြိုးစားလာတဲ့ စုပ်ယူအားတစ်ခုကို ခံစားလာခဲ့ရပါတယ်။

"ဒီနေရာပဲ… မင်းတို့လက်တွေအပ်လိုက်ကြ"
ဝမ်ပိုကျန်းရဲ့ ထိန်းချုပ်မရတဲ့ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေတဲ့အသံက ထွက်ပေါ်လာခဲ့ပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Donde viven las historias. Descúbrelo ahora