1027-1030

324 45 0
                                    

အပိုင်း ( 1027 ) ဘဝရဲ့အတက်အကျအခြေအနေတွေ

ရှို့မူကျိုးဟာ စိတ်လှုပ်ရှားစွာနဲ့ ချူးယွန်ရဲ့စံအိမ်ကို အမြန်သွားနေလို့ပါ။

ဒါပေမယ့် လမ်းတစ်ဝက်မှာတင် ဟော်ထျဲရှင်းနဲ့ လာဆုံခဲ့ပါတယ်။

"ဟာ၊ ဆရာကျိုးပဲ… တိုက်ဆိုင်လိုက်တာ၊ ငါမင်းကို အရက်သောက်ဖို့ လိုက်ရှာနေတာ"
ရှို့်မူကျိုးကို မြင်ပြီးနောက် ဟော်ထျဲရှင်းရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့ပါပြီ။ သူက ရှို့မူကျိုးပုခုံးကို တရင်းတနှီးဖက်လိုက်ပါတယ်။

အရက်သောက်ကြမယ်ဆိုတာကို ကြားပြီးနောက် ရှို့မူကျိုးစိတ်ထဲမှာ တလှုပ်လှုပ်ဖြစ်သွားခဲ့ပါပြီ။

ချူးယွန်ရဲ့ စံအိမ်မှာတုန်းက အရိပ်တ‌စ္ဆေရောက်လာတာကြောင့် ကောင်းကောင်း မသောက်ခဲ့ရပါဘူး။

နောက်ပြီး ဟော်ထျဲရှင်းနဲ့ အတူတူ အရက်မသောက်ရတာလည်း ကြာပါပြီ။ ဒါကြောင့် သူဟာ မနေနိုင်လောက်အောင် ဖြစ်သွားခဲ့ပါတော့တယ်။

ဒါပေမယ့် သူ့မှာ အရေးကြီးလုပ်စရာရှိနေသေးတာကို ပြန်သတိရသွားတာကြောင့် ခါးသီးစွာ ရယ်မောရင်း ပြောလိုက်ပါတယ်။
"အကိုဟော်… ငါ့မှာ လုပ်စရာလေးတွေ ရှိနေသေးလို့ ခဏလောက်စောင့်ပေးလို့ရမလား… ကိစ္စဝိစ္စပြီးရင် ငါမင်းနဲ့ အတူတူသောက်ပေးမယ်"

"အရက်သောက်တာထက် ပိုအရေးကြီးတာ ဘာများရှိနေသေးလို့လဲဟ… လာစမ်းပါ၊ သွားသောက်ကြမယ်"
ဟော်ထျဲရှင်းက အရင်လို ခမ်းနားထည်ဝါစွာ မနေတော့ဘဲ ရယ်မောပြီး ပြောလိုက်ပါတယ်။

နောက်ဆုံးမှာတော့ သူတို့တွေဟာ မိတ်ဆွေဟောင်းတွေ ဖြစ်နေခဲ့တယ် မဟုတ်လား။

"ဒါပေမယ့်…"
ရှို့်မူကျိုးက အနည်းငယ် တုံ့ဆိုင်းနေဆဲပါ။ သူက အလွန်အရက်သောက်ချင်နေခဲ့ပါပြီ။ ဒါပေမယ့် သူဟာ ပိုအရေးကြီးတာကို အရင်လုပ်သင့်သလို ခံစားနေရဆဲပါ။

မင်းကြီးရဲ့ အမိန့်စာကို ချူးယွန်ကိုပေးပြီးမှ သွားသောက်မယ်ဆိုရင်လည်း နောက်မကျသေးပါဘူး။

"ဘာတွေလုပ်ရဦးမှာလဲဟ… မင်းလက်အောက်မှာ ပိုင်ထန်က ချန်ပီယံဖြစ်သွားပြီလေ… ငါ့သားကလည်း ကောင်းကောင်းတိုးတက်လာနေပြီ… ဒါက အရမ်းကောင်းတဲ့ကိစ္စပဲ မဟုတ်လား… လာစမ်းပါ၊ သွားသောက်မယ်"
ဟော်ထျဲရှင်းက အလွန်စိတ်လှုပ်ရှားနေလို့ပါ။  သူက မနေနိုင်တော့ဘဲ ရှို့မူကျိုးကို အတင်းဆွဲခေါ်လိုက်ပါပြီ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now