1161-1165

317 34 0
                                    

အပိုင်း ( 1161 )

"ဂိုဏ်းချုပ်၊ နင်အိပ်လိုက်သေးတာလား"
ဒါကိုကြားပြီးနောက် ချူးယွန် အံ့အားသင့်စွာနဲ့ ရဲရွှမ်ကို လူရှင်းတဲ့ စင်္ကြန်လမ်းဆီ ခေါ်ထွက်လာခဲ့ပါတယ်။

ရဲရွှမ်လည်း ခေါင်းညိတ်ပြီး ရှက်ရွံ့ဟန်နဲ့ ပြောလိုက်ပါပြီ။
"ငါအရက်နည်းနည်းသောက်ပြီး ပင်ပန်းနေလို့ သွားအိပ်တာ..။ ဒါပေမဲ့ အဲဒီအိပ်မက်တွေက ချက်ချင်း ပြန်ပေါ်လာမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ"

"ဂိုဏ်းချုပ်၊ နင့်အိပ်မက်က ဘယ်လိုလဲ"
ဒီကိစ္စနဲ့ပတ်သက်လို့ ချူးယွန်ဟာ အလွန်ဂရုစိုက်နေလို့ပါ။

ရဲရွှမ်သာ ပြန်လည်ဝင်စားသူဆိုရင် အလွန်စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။

"နင်တို့ကို ငါအိပ်မက်မမက်ပါဘူး..။ ဒါက ငါ့အနေနဲ့  ပထမဆုံးမက်ခဲ့မိတဲ့ အိပ်မက်တစ်ခုပဲ၊ ဒါက အရမ်းထူးခြားတယ်..။ တီအန်တာအိုဂိုဏ်းအောက်မှာ အရမ်းထူးခြားတဲ့ နန်းတော်တစ်ခုရှိနေပြီး အဲဒီကို လာစူးစမ်းဖို့ ‌ဖိတ်ခေါ်နေသလိုလည်း အသံတွေကြားနေရတယ်"

ရဲရွှမ် မျက်မှောင်ကြုတ်ပြီး မယုံနိုင်ဟန်နဲ့ပြောလိုက်ပါတယ်။
"ငါတီအန်တာအိုဂိုဏ်းမှာ နှစ်တွေအများကြီး နေခဲ့ပေမဲ့ မြေအောက်ကို တူးဆွကြည့်ဖို့တော့ တစ်ခါမှ မတွေးဖူးဘူး..။ တကယ်တော့ ငါကိုယ်တိုင်လည်း ဒါကို မယုံချင်ပါဘူး..။ ဒါပေမဲ့ အခုမြင်ကွင်းတွေက အရမ်းရှင်းပြီး လမ်းတွေကိုတောင် ရှင်းရှင်းလင်းလင်း မြင်နေရတယ်"

"ဂိုဏ်းချုပ်.. နင်သွားကြည့်ချင်လား"
ချူးယွန် အမှန်တရားကို ရှာချင်တာကြောင့် မျက်ခုံး ပင့်လိုက်ပါတယ်။

ရဲရွှမ်က ဒါတွေကို ဘာဖြစ်လို့ လိုက်မက်နေတာလဲ။

သူက လူဝင်စားဆိုပေမဲ့ မှတ်ညာဏ်တွေ မနိုးထသေးလို့လား။

နတ်ဆိုးညကတော့ ဒီအကြောင်းတွေကို သိထားနိုင်ပါတယ်။ ဒါပေမဲ့ သူက ပြောမပြချင်လို့ ဘာမှ မတတ်နိုင်ပါဘူး။

"ဒီအိပ်မက်တွေက အရမ်းမှော်ဆန်လွန်းနေတယ်..။ အဲတာ ဘာတွေဆိုတာ သိရအောင် ငါသွားရှာကြည့်ချင်တယ်"
ရဲရွှမ် မတုံ့ဆိုင်းဘဲ တိုက်ရိုက်ပြောလိုက်ပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now