576 - 580

436 54 0
                                    

အပိုင်း 576 ဒါတွေအားလုံးက နားလည်မှုလွဲသွားခဲ့တာပါ

ဝံပုလွေဘုရင်က ဒီအကြောင်းတွေကို အခြားသူတွေမသိစေချင်ပါ။ဒါပေမယ့် သွေးမိစ္ဆာဂိုဏ်းချုပ်ရဲ့ အော်ရာတွေက တအားဖြာထွက်နေတာမို့ သူ့ကို လျစ်လျူရှုထားလို့ မရပါဘူး။

ဝံပုလွေဘုရင် မျက်လုံးကိုမှေးစင်းပြီး
"မင်းငါ့ကို မှတ်မိတယ်မဟုပ်လား... မင်းမမှတ်မိရင် ငါအစပြန်ဖော်ပေးမယ်"

ဝံပုလွေဘုရင်ရဲ့ မျက်နှာက နီရဲသွားခဲ့ပြီး
"အဖိုးခန်း ဘယ်တွေသွားနေတာလဲ... ကျွန်တော်ရှာရမလွယ်အောင်"

"တော်လောက်ပြီ... ဗရမ်းဗတာပြောနေတာတွေ တော်လိုက်တော့... မင်းက ဝံပုံလွေဘုရင်ဖြစ်လာတာနဲ့ မင်းအဖေထက် ပိုမောက်မာလာတာပဲ... ငါ့သခင်ကို ဝိုင်းရဲတယ်ဆိုတော့ မင်းက သေချင်နေတာပဲဖြစ်ရမယ်"

သွေးမိစ္ဆာဂိုဏ်းချုပ် သရော်ဟန်နဲ့ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ပါတယ်။
"မင်းအဖေကို ငါနဲ့စကားလာပြောစေလိုက်ဦး"

ဝံပုလွေဘုရင် အသက်ပြင်းပြင်းရှုပြီး တီးတိုးပြောလိုက်တယ်။
"အဖိုးခန်း... အဖေ မရှိတော့တာကြာပြီ... သူအသက်ရှိစဉ် နောက်ဆုံးအချိန်တုန်းက အဖိုးကို မြင်ချင်ခဲ့သေးတာ"

"သောက်ခွေး... ဒီကောင်စုတ်လေးက သေတာစောလိုက်တာ"
သွေးမိစ္ဆာဂိုဏ်းချုပ် အတိတ်ကဖြစ်ရပ်တွေကို ပြန်သတိရသွားဟန်နဲ့ အသက်ပြင်းပြင်းရှုလိုက်ပါတယ်။

"အို့ ဟုပ်သားပဲ... ခင်ဗျား စောစောက ဘာပြောလိုက်တာလဲ? သခင်ဆိုလား"
ဝံပုလွေဘုရင် ရုတ်တရက် တစ်ခုခုကို တွေးမိသွားဟန်နဲ့ သူ့မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပါတယ်။

‌သွေးမိစ္ဆာဂိုဏ်းချုပ် ခေါင်းညိမ့်ပြီး ချူးယွန်ကို လက်ညိုးထိုးပြရင်း
"ငါက ဒီသခင်ရဲ့နောက်လိုက်တစ်ယောက်ပဲ... မင်းသိပြီဆိုရင် လစ်သင့်ပြီ"

ဝံပုလွေဘုရင်ရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ပြီး ချူးယွန်ကို တစ်ချက်လှမ်းကြည့်လိုက်ပါပြီ။သူစိတ်တွေလည်း ရှုပ်ထွေးနေလို့ပါ။

အဖိုးခန်းက နှစ်ပေါင်းများစွာ ပျောက်နေပြီး အခုမှပြန်ရောက်လာတယ်။သူတစ်ကယ်ကို နားမလည်နိုင်တော့ပါဘူး။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now