956-960

354 43 0
                                    

အပိုင်း ( 956 ) အိမ်လေးနှစ်လုံး

နဂါးဂိတ်ညီလာခံကျင်းပဖို့ တစ်ရက်ပဲလိုတော့သလို ပါရမီရှင်တွေကလည်း အကောင်းဆုံးပြင်ဆင်နေခဲ့ကြပါပြီ။

ဒီလိုခမ်းနားတဲ့ပွဲမျိုးမှာ ဘယ်သူကမှ နောက်တွန့်မနေချင်ပါဘူး။ အရှုံးအနိုင်ကို ဘေးဖယ်ထားပြီး ရှေ့ကိုပဲ တိုးတက်သွားခဲ့ကြမှာပါ။

အမျိုးမျိုးသော အင်အားစုတွေကတော့ တော်ဝင်မြို့တော်ဆီကို ဦးတည်သွားနေခဲ့ကြပါပြီ။

နဂါးဂိတ်ညီလာခံကို အင်ပါယာမြို့တော်ရဲ့ တော်ဝင်နန်းတော်နဲ့ မနီးမဝေးမှာ ကျင်းပမှာပါ။

ပတ်ပတ်လည်မှာတော့ နဂါးပုံထွင်းထုထားတဲ့ တိုင်ကြီးတွေ စိုက်ထူထားကာ အလင်းရောင်တွေလည်း တောက်ပနေခဲ့ပါတယ်။ မရေတွက်နိုင်တဲ့ ပါရမီရှင်တွေကတော့ ဒီနေရာကိုရောက်နေကာ အနီးနားမှာ ထိုင်နေခဲ့ကြပါပြီ။

တော်ဝင်မြို့တော်က အလွန်ကြီးမားတာကြောင့် ကြီးမားကျယ်ဝန်းတဲ့ ပြိုင်ပွဲကွင်းပြင်ကို တည်ဆောက်ပေးထားနိုင်ပါတယ်။

နောက်ဆုံးမှာတော့ ပါရမီရှင်‌အရေအတွက်က အလွန်များပြားခဲ့တယ်မဟုတ်လား။ ဒါကြောင့် တစ်ပြိုင်နက်တည်းမှာ ပြိုင်ပွဲမများစွာကျင်းပ‌နိုင်ရင် ပိုပြီး အချိန်ကုန်သက်သာစေမှာပါ။

နဂါးဂိတ်ညီလာခံအတွင်းမှာ အင်ပါယာမြို့တော်က ပုံမှန်အစောင့်တွေကို ဖယ်ရှားခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ အမှောင်ထဲမှာ ပုန်းအောင်းနေဆဲဖြစ်ပြီး အချိန်မရွေးလှုပ်ရှားနိုင်ဖို့ အသင့်ရှိနေလို့ပါ။

ဒါပေမယ့် ‌အင်ပါယာမြို့တော်မှာ ဘယ်သူမှ ပြဿနာမရှာရဲပါဘူး။ အင်ပါယာမြို့တော်မှာ ပြဿနာရှာတာက ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေတယ်မဟုတ်လား။

နဂါးဂိတ်ညီလာခံက မစသေးပေမယ့် ပါရမီရှင်တွေများစွာ ရောက်နေခဲ့ကြပါပြီ။ သူတို့က အင်ပါယာမြို့တော်ကိုရောက်မှ မိတ်ဆွေဟောင်းတွေနဲ့ စုံစုံညီညီပြန်တွေ့ကြရပါတယ်။

ဖန်ကျင်းလန်ကတော့ တစ်ယောက်တည်း ဝင်လာခဲ့ပါတယ်။

သူ့ရဲ့ထူးခြားတဲ့ အရှိန်အဝါကြောင့်လည်း ပါရမီရှင်များစွာရဲ့အာရုံကို ချက်ချင်းဆွဲဆောင်သွားခဲ့ပါပြီ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now