456 to 460

426 47 0
                                    

အပိုင်း_456_အကြွင်းမဲ့တိုက်ခိုက်ချင်စိတ်

ဒီခနမှာ ချူးယွန် တစ်ခုခုလွဲနေပြီဆိုတာ သူခံစားနေမိပြီလေ။သူလက်သီးဆုတ်ကာ သူ့ရဲ့ပင်ကိုယ်စရိုက်နဲ့စွမ်းအားကို ထုတ်ဖော်လိုက်ပါပြီ။

ချူးယွန်ရဲ့ ကြောက်မက်ဖွယ်စွမ်းအင်တွေက လေထုကို တုန်ခါလာစေပါတယ်။လက်သီးနှစ်လုံးကြား ကွာဟမှုကတောင် ကြီးမားလာနေသလိုပါပဲ။ထူးခြားတဲ့အသံတစ်မျိုးလည်း ထွက်ပေါ်လာနေပြီး ဒါက ဦးရေပြားကို ယားယံလာစေတယ်။

ဒါက သူ့နှလုံးသားကို ထုရိုက်နေတဲ့အလား...

"ဒီခံစားချက်က အရမ်းကျေနပ်စရာကောင်းတယ်"
ချူးယွန် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီလေ။သူ့ရဲ့ သွေးတွေက သွေးပြန်ကြောတွေတွေထဲမှာ စီးဆင်းနေပြီး ဒါက ပွက်ပွက်ဆူနေတဲ့ အလားပါပဲ။

အခုချိန် သူ့အရှေ့မှာ ရပ်နေသူက ဘယ်လိုလူဖြစ်ဖြစ် တွန့်ဆုတ်ခြင်းမရှိပဲ သူတိုက်ခိုက်မိမှာပါ။

သူ့ခန္ဓာကိုယ်က တက်ကြွနေပြီး သန်မာနေပါတယ်။ဒါက ခွန်အားကြောင့် ကျော်ကြားတဲ့ ရှေးဟောင်းနဂါးကြီးတစ်ကောင်လိုပါပဲ။

သူ့သွေးတွေက ဆူပွက်နေပြီး အဆုံးမဲ့အခိုးငွေ့တွေကလည်း သူ့ခေါင်းပေါ်မှာ ထွက်ပေါ်လာခဲ့ပါပြီ။

ဒီအခိုးငွေ့တွေထဲမှာ သန့်စင်တဲ့စွမ်းအင်တွေပါဝင်နေလို့ပါ။ ဒါက မိုးကုတ်စက်ဝန်း‌ဆီကို စီးဆင်းသွားမယ့် စွမ်းအင်ပင်လယ်ကြီးအလားပါပဲ။

ရှေးဟောင်းနဲ့သက်မဲ့အာကသက တုန်ခါနေပြီး
ချူးယွန်ရဲ့စွမ်းအင်တွေက မရေတွက်နိုင်တဲ့ ကြီးမားတဲ့တောင်တန်းကြီးတွေလို၊နတ်ဆိုးဧကရာဇ်တွေလို ပြောင်းလဲသွားပုံ ရပါတယ်။

ဒါပေမယ့် ချူးယွန် သူ့ကိုယ်ထဲက အလွန်မင်းသိပ်သည်းတဲ့ တိုက်ခိုက်ချင်စိတ်ကို လုံးဝမထုတ်ဖော်နိုင်သေးသလို ခံစားနေမိဆဲပါ။

ချူးယွန်ရဲ့ တိုက်ခိုက်ချင်စိတ် တစ်ခါမှ ဒီလောက်ထိ မကြီးမားလာဖူးပါဘူး။

သူ တာအိုကို ဆက်ပြီး မဆင်ခြင်မိတဲ့အတွက် နောင်တအနည်းငယ် ရလိုက်ပါပြီ။သူသာ တာအိုကို ဆက်ပြီး ဆင်ခြင်နိုင်မယ်ဆိုရင် သူ့ရဲ့တိုက်ခိုက်ချင်စိတ်က ဒီထက်ပိုတိုးပွားလာမှာပါ။ဒါဆိုရင် ပိုပြီး ကျေနပ်စရာကောင်းလိမ့်မယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now