1136-1140

289 38 0
                                    

အပိုင်း ( 1136 )

ကင်းမြီးကောက် သေဆုံးသွားပြီးနောက် ထန်ချွမ်နယ်နိမိတ်ကို ဖုံးလွှမ်းထားတဲ့ အစီရင်ကြီးလည်း ပျက်ဆီးသွားခဲ့ပါတယ်။

ဒီအခါ ကျင့်ကြံသူတွေလည်း သူတို့ရဲ့ ဆက်သွယ်ရေးနည်းလမ်းတွေ အသုံးပြုနိုင်ပြီမှန်း သိသွားခဲ့ကြပါပြီ။

ဒါကြောင့် ကိုယ့်ရဲ့ မိသားစု၊ ဂိုဏ်းတွေကို လက်ရှိအခြေအနေအကြောင်း အသီးသီး ပြောပြလိုက်ကြပါတော့တယ်။

ဒီလိုသတင်းပို့တဲ့အခါ အရင်လတွေမှာ ကြုံခဲ့ရတဲ့ ကြောက်စရာ‌အမှတ်တရတွေကို သတိပြန်မရဘဲ မနေပါဘူး။

သူတို့က သေခြင်းရှင်ခြင်း တိုက်ပွဲကြားကို ရောက်ရှိခဲ့ကြတာပါ။ ဒီလိုပြန်ပြောရုံနဲ့ သူတို့ရဲ့သွေးတွေ ဆူပွက်ခဲ့ရပါတယ်။

ချူးယွန်ရဲ့ ဦးဆောင်မှုနဲ့ သူတို့က နတ်ဆိုးနဲ့ တစ္ဆေတွေကို သတ်ဖြတ်ရင်း သွေးလွှမ်းတဲ့တိုက်ပွဲကို ရင်ဆိုင်ခဲ့ကြတာပါ။ ‌ဒါက မျှော်လင့်ချက် သိပ်မရှိပေမဲ့လည်း နောက်ဆုံးတော့ သူတို့လုပ်နိုင်ခဲ့ပါပြီ။

ဒီအကြောင်းကို ပြန်ပြောရတဲ့အချိန်တိုင်းမှာ သူတို့တွေ ဂုဏ်ယူနေရတော့မှာပါ။

"ကျစ်အာ၊ ယူရင်း.. မင်းတို့ အခြေအနေကောင်းရဲ့လား"
ဖန့်ဝူကျင်းက အခြေအနေကို ချက်ချင်း မေးမြန်းလိုက်ပါတယ်။
".... ကောင်းတယ်၊ မင်းတို့ အသက်ရှင်သေးတာ သိပ်ကောင်းတာပဲ..။ ဒီမှာ မင်းတို့အမေက အရမ်းစိုးရိမ်ပြီး မစားနိုင်မသောက်နိုင် ဖြစ်နေတာ"

"ကျစ်အာ.. ယူရင်း"
မိဖုရားတုံက ဝမ်းသာမှုကြောင့် မျက်ရည်တွေ စီးကျလာခဲ့ပါပြီ။

......

"အ‌ဖေ.. ကျွန်တော် အဆင်ပြေပါတယ်၊ ဒါပေမဲ့ အခြား တပည့်တွေကတော့..."
လင်းရန်ရဲ့ မျက်နှာက ငြိုးသွားပြီး အသံပျောက်သွားခဲ့ပါတယ်။

"ဒီလိုကပ်ဘေးထဲမှာ ရှင်သန်နိုင်ခဲ့တာတင် လုံလောက်ပါပြီကွာ..။ နောက်ပြီး အခြားတပည့်တွေ သေဆုံးရတာတွေအတွက် မင်းကို အပြစ်တင်လို့လည်း မရပါဘူး..။ မင်းက ငါတို့ထာဝရမြင့်မြတ်ခန်းမရဲ့ သားတော်ပဲလေ၊ မင်းက အားလုံးထက်ပို အရေးပါပါတယ်..။ မင်း‌အဆင်ပြေနေရင် လုံလောက်ပါပြီ…"
အသံလွှင့်ကျောက်က အသံထွက်လာခဲ့ပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now