411 to 415

470 43 0
                                    

အပိုင်း_411_သေချာတာပေါ့ထူးခြားနေတယ်ဆိုတာ

သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာက သန်မာရုံမက အမြန်နှုန်းကလည်း လျှပ်စီးလက်သလိုပါပဲ။

ချူးယွန် စိတ်ထဲကနေ ထူးခြားတဲ့နတ်ဆိုးလေးကို အကဲဖြတ်လိုက်တယ်။ဒီ နတ်ဆိုးလေးက အစောပိုင်း
တန်းဟွာရန်တို့နဲ့ တိုက်ခိုက်ခဲ့တဲ့ နှစ်ကောင်ထက်
ပိုသန်မာတယ်။

ချူးယွန်က သူ့ရဲ့တိုက်ခိုက်မှုကိုရှောင်နိုင်တာမြင်တော့ ထူးခြားတဲ့နတ်ဆိုးက အော်ဟစ်ပြီးနောက် သူ့လက်ကိုဓါးရှည်တစ်လက်လိုအသုံးပြုကာ ချူးယွန်ကို ခုတ်ပိုင်းလိုက်ပါပြီ!

ထိုဓါးချက်က လေဟာနယ်ကိုဖြတ်သန်းသွားကာ ထူးခြားတဲ့အသံတွေထွက်ပေါ်လာခဲ့ပြီလေ။

ချူးယွန် အံကြိတ်ကာ ကောင်းကင်ဘုံကိုဖြတ်သန်းခြင်းပညာရပ်ကို ထပ်မံအသုံးပြုလိုက်ပါတယ်။

တစ်ချိန်ထဲမှာပဲ ဓါးက မီတာရာနဲ့ချီပျံသန်းသွားပြီး နတ်ဆိုးသတ္တဝါရဲ့ခေါင်းကို ထိုးဖောက်လိုက်ပြီလေ။

ကယ်တင်ရှင်တွေ့လိုက်ရသလို တန်းတန့်ဖုန်း ချူးယွန်ဆီကိုပြေးချလာကာ ပြောလိုက်တယ်။
"သူတို့က အရမ်းသန်မာတယ်... ရွှမ်းဝူနယ်ပယ်အဆင့်တစ်ဆယ်ကိုတောင် ရောက်နေပြီ... ငါအရင်သွားတော့မယ်"
တန်းတန့်ဖုန်း ပြောပြီးတာနဲ့ အဝေးကို ထွက်ပြေးသွားပါတော့တယ်။

ချူးယွန်ကတော့ မအံ့ဩပါဘူး... တန်းတန့်ဖုန်းရဲ့ စိတ်နေသဘောထားအရ သူနဲ့အတူ တိုက်ခိုက်ဖို့ နေခဲ့မှာမဟုပ်ဘူး။

ရွှမ်းဝူနယ်ပယ် အဆင့်ကိုး၊ အဆင့်တစ်ဆယ်လား?

ချူးယွန် ခါးသီးစွာ ပြုံးလိုက်တယ်။သူက တိုက်ခိုက်ဖို့ ပြိုင်ဘက်တစ်ယောက်လိုချင်ပေမယ့် ဒီလောက်သန်မာတာကို မလိုချင်ဘူးလေ။

သူက ရွှမ်းဝူနယ်ပယ်အဆင့်လေးပဲ ရှိသေးပြီး ထိုနတ်ဆိုးတွေနဲ့ အဆင့်များစွာကွာနေပါသေးတယ်။ဒါက တစ်ကောင်၊ နှစ်ကောင်လဲမဟုပ် ဆယ်ကောင်မကရှိနေတာမဟုပ်လား။

ဒီတိုက်ပွဲကတော့ မလွယ်တြောဘူး!

"သူ့ကိုသတ်ကြ!"
ထူးခြားတဲ့ နတ်ဆိုးက ဟိန်းဟောက်ကာ အမိန့်ပေးလိုက်တာနဲ့ အခြားနတ်ဆိုးတွေက ဟိန်းဟောက်ကာ ပြေးတက်လာခဲ့ကြပါပြီ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now