1101-1105

302 41 0
                                    

အပိုင်း ( 1101 ) လုပ်ကြံသတ်ဖြတ်ခြင်း

'ငါဘာလုပ်ရမလဲ'
တခြားလူသတ်သမားတွေမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်ကုန်ပါတယ်။ ရုတ်တရက် ‌ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲကြောင့် ရှေ့ဆက်ရမလား၊ နောက်ဆုတ်ရမလား မသိတော့ပါဘူး။

မူလက ချူးယွန်ဟာ လူအားလုံးကို စေလွှတ်လိုက်တာကြောင့် သူ့ဘေးမှာ မိန်းကလေးနှစ်ယောက်ပဲ ရှိတော့တာပါ။ ဒါက သူတို့အတွက် အခွင့်အရေးကောင်းပါပဲ။

နောက်ပြီး သူ့ကိုယ်သူလည်း ကာကွယ်နိုင်စွမ်း လုံးဝမရှိတော့ပါဘူး။

ဒါပေမဲ့ သူတို့လှုပ်ရှားကာနီးမှ ဒီကတုံးတွေ ရောက်လာမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။

'သိုင်းဦးလေးလား'
ဘုန်းကြီးတွေရဲ့ ခေါ်သံကိုကြားတဲ့အခါ အားလုံး အံ့ဩကုန်ပါတယ်။

အနောက်ဘက် ထျန်ဖူတောင်က ဘုန်းကြီးတွေက အဆင့်သတ်မှတ်တဲ့နေရာမှာ သာမန်မဟုတ်ကြပါဘူး။ သူတို့က နှိမ့်ချပုံရပေမဲ့ လူတစ်ယောက်ကို အဆင့်သတ်မှတ်ရာမှာတော့ မြင့်မားတဲ့အမြင်ရှိပါတယ်။

သူ့ကို သိုင်းဦးလေးလို့ ခေါ်ရလောက်အောင် ချူးယွန်က ဘာမို့လဲ။

ချင်ရှောင်တောင် မျက်မှောင်ကြုတ်လိုက်ပါပြီ။

ချူးယွန်က အနောက်ဘက်ထျန်ဖူတောင်နဲ့ ပတ်သတ်နေတာလား။

ချူးယွန်ကတော့ မျက်လုံးမှိတ်ပြီး အစီရင်ကို ချိုးဖြတ်နိုင်ဖို့ ဆက်ကြိုးစားနေဆဲပါ။

"ကိုယ်တော်တို့၊ လက်ရှိ ထန်ချွမ်နယ်နိမိတ်တစ်ခုလုံးက ပူးပေါင်းကြံစည်မှုတစ်ခုပါပဲ..။ ဒီအတွက် အရင်းအမြစ်က ကောင်းကင်နွေဦးတောင်ပါ.. ဒါကြောင့် ကိုယ်တော်တို့ အလျင်စလိုမသွားဘဲ အနောက်က ပြီးမှလိုက်ခဲ့ကြပါ"
တန်းဇီရှမ်းက အလေးအနက် ပြောလိုက်ပါတယ်။

ချူးယွန်ရဲ့ အမူအရာကိုမြင်တဲ့အခါ ဘုန်းကြီးအားလုံး စိတ်ရှုပ်ထွေးသွားကြပါပြီ။

ချူးယွန်က အစီရင်ကို ချိုးဖြတ်ဖို့ အပြင်းအထန် ကြိုးစားနေတာပါ။ ဒါကြောင့် ဘုန်းကြီးတွေဟာ ယုံကြည်ချင်သွားကြပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now