အပိုင်း ( 868 ) ချူးယွန်ရဲ့ ကျင့်ကြံခြင်းနည်းလမ်း

270 40 0
                                    

အပိုင်း ( 868 ) ချူးယွန်ရဲ့ ကျင့်ကြံခြင်းနည်းလမ်း

ချူးယွန်ရဲ့ စကားကိုကြားပြီးနောက် ဟော်ကျားဟာ လျှော့ရိုက်ခံလိုက်ရသလို တုန်ရီသွားခဲ့ပါတယ်။

သူ့သိုင်းဝိညာဉ်က ပျက်ဆီးသွားပေမယ့် ဆက်လက်လေ့ကျင့်နိုင်သေးတာလား။

သူမယုံရဲပါဘူး။

သိုင်းဝိညာဉ်က အရာအားလုံးရဲ့ အခြေခံအုတ်မြစ်ဆိုတာကို ထည့်မတွက်ရင်တောင် ခန္ဓာကိုယ်သန့်စင်ခြင်းက အလွန်ခက်ခဲပါတယ်။

သိုင်းဝိညာဉ်မရှိရင် ဝိညာဉ်စွမ်းအင် မရှိနိုင်ပါဘူး။ ဝိညာဉ်စွမ်းအင်မရှိရင် ခန္ဓာကိုယ်သန့်စင်သူ ဘယ်လိုဖြစ်လာနိုင်မှာလဲ။

ဟော်ရွှင်းကပါ ဘေးကဝင်ပြောလိုက်ပါတယ်။
"အကိုကြီး… ကလန်က နတ်ဆေးဆရာအများကြီးကို သူတို့ဘာမှမတတ်နိုင်တာတောင်မှ ခေါ်လာခဲ့ကြသေးတာပဲမဟုတ်လား… သူ့ကိုဘာလို့ ကြိုးစားခွင့်မပေးရမှာလဲ"

"သူက ဘယ်သူလဲ"
ဟော်ကျားက အနည်းငယ်အက်ရှနေတဲ့ အသံနဲ့ မေးလိုက်ပါတယ်။

ဒါက ထင်သလောက်မရိုးရှင်းပါဘူး။ တစ်ဖက်လူရဲ့နောက်ခံကို သေချာမသိသေးတာကြောင့်လည်း သူက အရင်ရှင်းလင်းထားဖို့ လိုအပ်ပါတယ်။

ချူးယွန် အသာပြုံးလိုက်ပါပြီ။ ဟော်ကျားက သတိကြီးတာကို သိတဲ့အတွက် သူဒီလိုတုံ့ပြန်တာက ပုံမှန်ပါပဲ။

"အကို… သူ့နာမည်က ချူးယွန်ပါ… သူက လှည့်ကင်းခန်းမကလေ… သူက ကောင်းကင်အဆင့်ကိုး သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်သန့်စင်သူတစ်ဦးပဲ… သူက နည်းလမ်းရှ်ိတယ်လို့ပြောမှတော့ သူ့မှာ နည်းလမ်းတစ်ခုတော့ ရှိလိမ့်မယ်… ဒီတော့ ဘာလို့သူ့ကို ကြိုးစားခွင့် မပေးရမှာလဲ"
ဟော််ရွှင်းက စိုးရိမ်စွာနဲ့ ဟော်ကျားရဲ့စိတ်ကိုဆွဲဆောင်နိုင်ဖို့ ကြိုးစားလိုက်ပါတယ်။

ဟော်ကျားက နှစ်အနည်းငယ်ကြာ တံခါးပိတ်ကာ နေထိုင်ခဲ့ပြီးနောက် သူ့ရဲ့စိတ်နေစိတ်ထားက အနည်းငယ် ပြောင်းလဲလာခဲ့ပါတယ်။ သူက အခြားသူတွေကို အလွယ်တကူမယုံတော့ပါဘူး။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now