671-675

436 49 0
                                    

အပိုင်း 671 နတ်ဆိုးသခင်လနက်

"ညဝံပုလွေအင်ပါရီယာမြို့တော်နားမှာ ပိတ်လှောင်ခံထားရတဲ့ နတ်ဆိုးဘိုးဘေးတွေ ရှိနေသေးတယ်ပေါ့"
ဒါကိုကြားပေမယ့် ချူးယွန် အရမ်းတော့ အံ့ဩမသွားပါဘူး။

နတ်ဆိုးတွေရဲ့ မြင့်မြတ်နယ်မြေက သုံးခုရှိပြီး နတ်ဆိုးသခင်တွေက အများအပြားရှ်ိခဲ့တယ်လေ။သူတို့ရဲ့ ခွန်အားက ကြောက်စရာကောင်းပြီး လူသားတွေကို ဒုက္ခကောင်းကောင်းပေးနိုင်ကြပါတယ်။

နတ်ဆိုးမျိုးနွယ်က အလွန်ရည်မှန်းချက်ကြီးပြီး သူတို့ရဲ့ နတ်ဆိုးတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ကြိုးစားနေကြလို့ပါ။

သူတို့တွေသာ အကုန်ပြန်ပြီးထွက်ပေါ်လာရင်တောင် တိုင်ဂန်တိုက်ကြီးရဲ့ လက်ရှိအင်အားအရ ကြောက်ရွံ့စရာမလိုသေးပါဘူး။

ဒါပေမယ့် နတ်ဆိုးမျိုးနွယ်က တစ်ကယ်ကိုကြမ်းကြုတ်ကြတယ်လေ။ဒါကြောင့် အထိခိုက်အနည်းဆုံးဖြစ်အောင် ကြိုကာထားတာက အကောင်းဆုံးပါ။

ချူးယွန် မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ်။
"ဘာပဲဖြစ်ဖြစ် သူတို့ မအောင်မြင်စေရဘူး"

ခနတွေးပြီးနောက် သူဆက်ပြောလိုက်တယ်။
"သွားဖို့ အချိန်တော့ရပါသေးတယ်"

"ပြီးမှပဲသွားကြတာပေါ့"
ချူးယွန် ထရပ်ပြီး ပြောလိုက်တယ်။
"အရင်ဆုံး ငါစီစဉ်စရာရှ်ိတာ စီစဉ်လိုက်ဦးမယ်"

‌အခန်းထဲက ထွက်လာပြီးနောက် ချူးယွန် မဟာပညာရှ်ိနဲ့ ရီလီလီကိုနှိုးထားခဲ့ပြီး နတ်ဆိုးညရဲ့အိမ်ကို ဦးတည်လိုက်ပါတယ်။

နတ်ဆိုးညက လက်ရှိ မြို့တော်သခင်ခန်းမမှာ ဒုဗိုလ်ချုပ်ချန်နဲ့ အင်အားဖြည့်ဖို့အစီစဉ်တွေရေးဆွဲနေလို့ပါ။

ချူးယွန်ဝင်လာတာမြင်ပြီးနောက် နတ်ဆိုးညထရပ်ပြီးပြောလိုက်တယ်။
"ချူးယွန်… မင်းနိုးလာပြီပဲ"

"ညီကိုနတ်ဆိုးည… နတ်ဆိုးသခင်တစ်စုက အင်ပါရီယာမြို့တော်မှာချုပ်နှောင်ထားတဲ့ နတ်ဆိုးသခင်တွေကိုလွှတ်ပေးဖို့ကြံနေတယ်လို့သတင်းရတယ်… ဒါကြောင့် ငါတို့ဒီမှာမနေနိုင်တော့ဘူး၊ ချက်ချင်းသွားရမယ်!"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now