အပိုင်း_405_နိုးထလာတဲ့နဂါးစွယ်မြက်

396 37 0
                                    

အပိုင်း_405_နိုးထလာတဲ့နဂါးစွယ်မြက်

ဒရာဂွန် မျက်လုံးမှိတ်သွားကာ သူ့တစ်ကိုယ်လုံးရှိသွေးတွေက ဆူပွက်လာခဲ့ပါပြီ။သူ့မျက်ခုံးနှစ်ခုကြားမှသွေးအဆီနှစ်တစ်စက်ထွက်ပေါ်လာကာ တန်းဟွာရန်ဆီလွင့်မျောသွားပါတော့တယ်။

တန်းဟွာရန်ခန္ဓာကိုယ်က ကြမ်း‌တမ်းတဲ့လေလှိုင်းတွေစီးဆင်းလာပါတယ်။နဂါးသွေးအဆီနှစ်ဝင်ရောက်လာတာနဲ့ သူ့စွမ်းအင်အော်ရာတွေတောင် မြင့်တက်လာခဲ့ပြီလေ။

"သန်မာလိုက်တဲ့အော်ရာ!"
တန်းဟွာရန် သူ့ခန္ဓာကိုယ်က လှိုင်းထန်နေတဲ့ပင်လယ်ထဲရောက်နေသလို ခံစားနေရလို့ပါ။သူက ထိုပင်လယ်ရဲ့အလယ်မှာရှိနေပြီး အဆုံးမဲ့စွမ်းအင်တွေစုပ်ယူနေတဲ့ တွင်းနက်ကြီးတစ်ခုလိုပါပဲ။

သူ့မရီဒျန်တွေထဲမှာ စွမ်းအင်တွေပြည့်နှက်နေလို့ပါ။ သူ့ခန္ဓာကိုယ်ထဲမှာ မကြုံစဖူးအပူလှိုင်းတွေနဲ့အတူ မရီဒျန်တွေထဲမှာ စွမ်းအင်တွေရိုက်ခတ်ထွက်ပေါ်နေပါတယ်။

"ငါ့ရဲ့နယ်ပယ်!"
တန်းဟွာရန်ရဲ့နယ်ပယ်က ပြောင်းလဲသွားကာ မျက်စေ့တစ်မှိတ်အတွင်း ရွှမ်းဝူနယ်ပယ်အဆင့်ခြောက်ကို ရောက်သွားခဲ့ပြီလေ။

တန်းဇီရှန်းကတော့ ဒါကို စိတ်လှုပ်ရှားစွာကြည့်နေခဲ့ပါတယ်။

အချိန်တွေတစ်ရွေ့ရွေ့ကျော်ဖြတ်သွားကာ နေ့တစ်ဝက်ကျော်လွန်သွားခဲ့ပါပြီ။

သွေးအဆီနှစ်နဲ့ ပေါင်းစပ်ပြီးနောက် တန်းဟွာရန်က
မတူညီတဲ့လူတစ်ယောက်လို ပြောင်းလဲသွားပုံရပါတယ်။သူ့ရုပ်သွင်တောင် ပိုမိုခန့်ညားလာခဲ့တယ်လေ။

တန်းဟွာရန်ရဲ့ နဂါးစွယ်မြက်အတွက်ကတော့...

မူလက အားနည်းနေတဲ့ နဂါးစွယ်မြက်က ကြီးမားစွာ ပြောင်းလဲသွားပါတယ်။ဒါက နွယ်ပင်လိုထူထဲပြီး သူ့မျက်နှာပြင်က ဆူးတွေလိုဖြစ်ပေါ်နေကာ အခြားသူတွေကို ဖိနှိမ်နေတဲ့ခံစားချက်တစ်ခုကို ဖြစ်ပေါ်စေတယ်။

တန်းဟွာရန် ရုတ်တရက် တန်းဟွာရန် နွယ်တစ်ခုကို ပစ်လွှတ်လိုက်ပါပြီ။ထိုနွယ်က သူ့အရှေ့ရှိတောင်ကြီးကို ပြိုကွဲသွားစေကာ ဖုန်မှုန့်တွေပျံတက်လာခဲ့ပါပြီလေ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now