အပိုင်း_400_ကျွန်တော်လိုချင်တာက

398 40 0
                                    

အပိုင်း_400_ကျွန်တော်လိုချင်တာက

ဧကရာဇ်တန်းနှလုံးသားထဲက သေချာဆုံးဖြတ်လိုက်ပါပြီ။

ချူးယွန်လိုပါရမီရှင်က အရမ်းကြောက်စရာကောင်းတယ်... သူ့ကိုသေချာမကိုင်တွယ်နိုင်ရင် အနာဂါတ်မှာ ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်လာလိမ့်မယ်။

အရေးကြီးဆုံးက သူက သန့်စင်ခြင်းလမ်းကိုးပါးစေတီသခင်ဖြစ်ပြီး ဒါက သူ့ကိုပိုပြီး အာရုံစူးစိုက်စေပါတယ်။

သူ့ကိုသတ်လိုက်လို့လည်းမဖြစ်... အခုသွားစရာလမ်းတစ်လမ်းပဲ ရှိတယ်...

ချူးယွန်က အခု တန်းကလန်သားမဟုပ်ပေမယ့် နောင်ဖြစ်လာနိုင်တယ်မဟုပ်လား။

တန်းဇီရှန်း ဒါမှမဟုပ် တန်းရှီ... ဘယ်သူပဲဖြစ်ဖြစ် ချူးယွန်ရဲ့ နှလုံးသားကိုဖမ်းစားနိုင်ပြီး တာအိုလက်တွဲဖော်တွေဖြစ်လာရင် အရာအားလုံးအဆင်ပြေသွားပါလိမ့်မယ်။

ဒီအချိန်ကျရင် ချူးယွန်က သူ့မြေးဖြစ်လာတော့မှာလေ။သူ့ဘက်မှာ မရှိဘူးဆိုရင်တောင် တန်းကို  ဆန့်ကျင်မှာမဟုပ်တော့ဘူး။

ဒါက အခုချိန်မှာ အကောင်းဆုံးနည်းလမ်းပါပဲ!

ဧကရာဇ်တန်းရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာခဲ့ပါပြီ။

'ဘာမှပြောစရာမလိုတော့ဘူး၊ ဒီအတိုင်းပဲလုပ်ကြတာပေါ့!'

"နင်နိုင်သွားပြီ"
တန်းဇီရှန်း စိတ်ခံစားချက်များစွာ ထွက်ပေါ်နေလို့ပါ။

သူမက ရှုံးနိမ့်မှုအတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိပေမယ့် ချူးယွန်ရဲ့ အောင်ပွဲအတွက် သူမက ပျော်ရွှင်ရပါတယ်။

တန်းရှီ မြန်ဆန်စွာပြုံးကာ ဂုဏ်ပြုကြောင်းပြောလိုက်တယ်။
"အကိုချူး... ‌ရှင်နိုင်သွားပြီ...  အရင်က ဘယ်သူမှမလုပ်နိုင်သေးတဲ့ ငရဲလောကကို အနိုင်ရတဲ့အတွက် ဂုဏ်ယူပါတယ်!"

ချူးယွန် ခေါင်းညိမ့်ပြီး အဝေးရှိ နဂါးဦးခေါင်းကိုကြည့်လိုက်ပါတယ်။

ဒီတိုက်ပွဲက သူ့အတွက် အဓိပ္ပာယ်အများကြီးရှိတယ်။

ဒါက သူ့အနေနဲ့ ဓါးနဲ့ဆေဘာစိတ်ဆန္ဒကိုပထမဆုံးအကြိမ် ပြသခြင်းပါ...ဒါက သူ့ထက်ပိုသန်မာတဲ့ လူများစွာနဲ့ ပထမဆုံးအကြိမ်တိုက်ခိုက်ရခြင်းဆိုရင်လည်း မမှားပါဘူး။

ချူးယွန် ကြယ်လတွေပြည့်နေတဲ့ အလယ်ဗဟိုရှိစင်မြင့်ပေါ်မှာရပ်နေပြီး တန်းမင်းဆက်တစ်ခုလုံးကို အပေါ်စီးက ကြည့်လိုက်ပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now