1171-1175

320 31 0
                                    

အပိုင်း ( 1171 )

ချီယာ့ကျစ်က တစ်ခုခုလုပ်မှာစိုးတာကြောင့် ကျင့်ကြံသူအားလုံးက သေချာစိုက်ကြည့်ထားခဲ့ကြပါတယ်။

ဒီနေရာမှာ ချီယာ့ကျစ်ထက် အားမနည်းသူတွေ အများကြီးရှိနေတာကြောင့် လှည့်စားဖို့တော့ မလွယ်ကူပါဘူး။

ဒါပေမဲ့လည်း ချီယာ့ကျစ်က ဒီအခြေအနေကို ကြို‌တင်မျှော်လင့်ထားပြီးသားပါ။ ဒါကြောင့် ပူပန်မှုမျိုး မရှိပါဘူး။

သူက အလင်းဘောလုံးကိုဖွင့်လိုက်တဲ့အခါ စာလုံးနှစ်လုံး ထွက်လာခဲ့ပါပြီ။

တာအို တိုက်ပွဲ။

"တာအိုတိုက်ပွဲလား"
ဒါကိုမြင်တော့ ကျင့်ကြံသူအားလုံး မျက်လုံး ပြူးသွားခဲ့ပါပြီ။

ဖုန်းချန်လည်း မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ပါတော့တယ်။ ဒီအခြေအနေကို သူမျှော်လင့်မထားခဲ့ပါဘူး။

ချီယာ့ကျစ်က သူမလှည့်စားကြောင်း ဖော်ပြဖို့အတွက် ကျန်တဲ့ အလင်းဘောလုံးနှစ်ခုကို ခွဲပြလိုက်ပါတယ်။ ဒီအခါ အမဲလိုက်တိုက်ပွဲနဲ့ တိုက်ပွဲကွင်းပြင်ဆိုပြီး ထွက်ပေါ်လာခဲ့ပါတော့တယ်။

ဒီအခြေအနေကို ပါရမီရှင် တချို့ကလည်း သဘောမကျပါဘူး။

မမျှော်လင့်ဘဲ သူတို့မကျွမ်းကျင်တဲ့အပိုင်းမှာ ယဉ်ပြိုင်ရတော့မှာပါ။ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။

"ဟားဟားဟား.. အားလုံးပဲ မြင်ကြပြီထင်ပါတယ်..။ ငါဘယ်လိုလှည့်ကွက်မှ မလုပ်ပါဘူး"
ချီယာ့ကျစ်က စိတ်လှုပ်ရှားနေပြီး ချန်ကျင်းရွှမ်ကို လှည့်ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ ချန်ကျင်းရွှမ်ကတော့ ဒီကိစ္စဟာ သူနဲ့မသက်ဆိုင်သလိုမျိုး မျက်နှာအမူအရာ မပြောင်းလဲပါဘူး။

သူ့ရဲ့စိတ်သဘောအရ ဘယ်လိုလှည့်ကွက်မျိုးမှ အသုံးပြုနေစရာ မလိုပါ။ သူ့ကိုယ်ပိုင်ခွန်အားနဲ့ ယှဉ်ပြိုင်နိုင်ပါတယ်။

ချူးယွန်လည်း ထူးမခြားနားဟန်နဲ့ ပြုံးပြီး ဖန့်ဟန်ကို ပြောလိုက်ပါပြီ။
"ငါက ဆေးဝါးနဲ့ ဗေဒင်ပညာကိုတော့ ဘာမှ မသိဘူးနော်..။ ဓားပညာ၊ လျှို့ဝှက်ပုံစံနဲ့ ရစ်သမ်ဆိုရင်တော့ အဆင်ပြေတယ်..။ မင်းရော"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now