751-755

412 48 0
                                    

အပိုင်း 751 မင်းတို့ကောင်တွေက ငါ့ကိုသတ်ချင်နေတယ်လို့ကြားတယ်

ချူးယွန်က အလွန်စိတ်လှုပ်ရှားပြီး သွေးတွေတောင် ဆူပွက်လာခဲ့ပါပြီ။

လက်ရှိမှာ စစ်ပွဲက အချိန်မရွေးထပ်ဖြစ်နိုင်တာကြောင့် ဝမ်ဇန်တင်းက သူ့ကိုပြည်တွင်းစစ်မဖြစ်ဖို့ တားမြစ်ထားခဲ့ပါတယ်။

သူတို့က ရှောင်ကလန်နဲ့ ယုကလန်ကို ဖျက်ဆီးချင်ရင်တောင် စစ်ပွဲကာမှာ လူသားမျိုးနွယ်ဘက်က အင်အားမယုတ်လျော့သွားစေဖို့ သူတို့ကို ခဏလွှတ်ထားရဦးမှာပါ။

တစ်နည်းပြောရရင် အခြေအနေက မဆိုးသေးပါဘူး။

ချူးယွန်ကလည်း ‌သူ့ကိုယ်သူ ဒေသကြီးရဲ့ဧကရာဇ်အဖြစ် ကြေညာလိုက်ပါပြီ။ ဒါဝောာင်မှ ရှောင်ကလန်နဲ့ ယုကလန်က လှုပ်ရှားဖို့ ကြံစည်နေရဲပါသေးတယ်။

ဒီကိစ္စကို သူ့ဘက်ကသာ စတင်လိုက်ရင် အခြားသူတွေက သူတို့ကို သဘောထားသေးတယ်ထင်ကုန်ပါလိမ့်မယ်။

ဒါက မကောင်းတဲ့ လက္ခဏာပါ။ ပြသူလူထုက သူတို့ကို ယုံကြည်မှုကင်းမဲ့ကုန်ပါလိမ့်မယ်။

ဒါပေမယ့် ရှောင်ကလန်နဲ့ ယုကလန်က သူ့ကို တိုက်ခိုက်ဖို့ စီစဉ်လာတာဆိုရင်တော့ သူ့မှာ လုံလောက်တဲ့အကြောင်းပြချက် ရသွားခဲ့ပါပြီ။

မင်းတို့က ငါ့ကိုသတ်ဖို့ ကြိုးစားလာမှတော့ ငါက ဘာလို့ မင်းတို့ကို မသတ်ရမှာလဲ?

ဒါကြောင့် ဒီအကြောင်းကိုကြားပြီးနောက် ချူးယွန် အရင်ဆုံးခံစားလိုက်ရတာက အလွန်တရာပျော်ရွှင်မှုပါ။

'ချီးပဲ… နောက်ဆုံးတော့ ဒီခွေးအိုကြီးနှစ်ကောင်ကို သတ်ဖို့ အကြောင်းပြချက်ရပြီ'

'ငါဒီအခွင့်အရေးကို သေချာအသုံးချမယ်… မင်းတို့ ကလန်နှစ်ခုကို ဖျက်ဆီးပြီး အနာဂါတ်မှာဖြစ်လာနိုင်တဲ့ ပြဿနာရပ်အားလုံးကို ဖယ်ရှားမယ်!'

တန်းဇီရှမ်းက ချူးယွန်ကို အံ့အားသင့်ဟန်နဲ့ ကြည့်လိုက်ပါတယ်။ မဟာကလန်ကြီးနှစ်ခုက သူ့ကို ဆန့်ကျင်ဖို့ ကြံစည်နေတယ်ဆိုတာ‌ကို သိလိုက်ရချိန်မှ ဘာလို့ပြုံးသွားမှန်း စဉ်းစားမရပါဘူး။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now