836-840

351 41 0
                                    

အပိုင်း 836 ငါမင်းကို မသတ်နိုင်သေးဘူး… လုပ်စရာရှိသေးတယ်

ဒီသစ်ပင်ကြီးက အနက်ရောင်မီးလျှံနဲ့တူပြီး ကိုင်းတက်များစွာကလည်း ရုတ်တရက်ထွက်ပေါ်ခဲ့ကာ ဒါက ဒေါင်းတစ်ကောင်ဟာ သူ့အမြီးကို ဖြန့်လိုက်သလိုပါပဲ။

ချက်ချင်းဆိုသလို အနက်ရောင်နတ်ဆိုးစွမ်းအင်တွေကလည်း ကောင်းကင်ပေါ်ကို ထိုးတက်သွားခဲ့ပါပြီ။ ဒါက မီတာတစ်ရာခန့်အထိ မြင့်တက်သွားခဲ့ပြီး အလွန်ကြောက်ဖို့ ကောင်းပါတယ်။ ဒီနောက် တာ့လင်ကို အုပ်မိုးချလာခဲ့ပါတယ်။

ဒါကိုမြင်ပေမယ့် တာ့လင်ကတော့ မတုန်မလှုပ်ပါပဲ။

သူက ရုတ်တရက်အရှေ့ကို လျင်မြန်စွာတိုးသွားပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ရှောင်တိမ်းလိုက်ပါပြီ။

တာ့လင်က ရေစီးကြောင်းလို လက်ဝါးရိုက်ချက်များစွာကို ဆက်တိုက်ထုတ်ဖော်လိုက်ပါတော့တယ်။

သူ့ရဲ့တိုက်ခိုက်မှုက အမျိုး‌မျိုးသော အော်ရာတွေ ရောနှောပါဝင်နေတဲ့ လှိုင်းတွေဖြစ်ပေါ်လာစေခဲ့ပါ‌တယ်။ ဒီလှိုင်းတွေက နတ်ဆိုးအော်ရာတွေကို ပယ်ဖျက်ပြီး ဆက်လက်စီးဆင်းသွားခဲ့ပါပြီ။

"ဖောင်း"
တာ့လင်ရဲ့လက်ဖဝါးမှာ ပြန်စုဝေးလာတဲ့ ရေစီးကြောင်းက ရုတ်တရက် ရပ်တန့်သွားပြီး နတ်ဆိုးရဲ့ ရင်ဝကို ပြင်းထန်စွာ ရိုက်ချလိုက်ပါတယ်။

နွယ်တွေက နတ်ဆိုးရဲ့ အရှေ့ကနေ ကာကွယ်လိုက်ကြပါပြီ။

လက်ဝါးရိုက်ချက် ကျဆင်းလာချိန်မှာတော့…
"ခရတ်"
နွယ်ပင်ဒိုင်းက ချက်ချင်းပဲ တစ်စစီကြေကွဲသွားခဲ့ပါတော့တယ်။

နတ်ဆိုး အံ့အားသင့်သွားခဲ့ပါတယ်။ တာ့လင်က ဒီလောက်ထိသန်မာမယ်လို့ ထင်မထားခဲ့ပါဘူး။

တာ့လင် အေးစက်စက်ရယ်မောရင်း အရှေ့ကို ထပ်မံတိုးသွားခဲ့ပါပြီ။

နတ်ဆိုးလည်း အံကြိတ်လိုက်ပါတယ်။ သူ့မှာ ဒါကိုဆန့်ကျင်ဖို့ ခွန်အားမရှိပေမယ့်လည်း အဆုံးထိရင်ဆိုင်ခုခံသွားမှာပါ။

"ဝူဒီမွန်"
နတ်ဆိုးရဲ့ မျက်လုံးတွေက အနက်ရောင်ပြောင်းလဲသွားပြီး နွယ်တွေက သူ့ခန္ဓာကိုယ်ကို အထပ်ထပ်ရစ်ပတ်ကာ ပိုမိုကြီးထွားလာစေခဲ့ပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now