အပိုင်း_398_ရှည်ကြာသောတိုက်ပွဲ

369 37 0
                                    

အပိုင်း_398_ရှည်ကြာသောတိုက်ပွဲ

ဓါးနဲ့ဆေဘာစိတ်ဆန္ဒက သန့်စင်တဲ့ဓါးစိတ်ဆန္ဒ၊ဆေဘာစိတ်ဆန္ဒထက် ပိုသိပ်သည်းပါတယ်။ဒါက စိတ်ဆန္ဒနှစ်မျိုးကို ပေါင်းစပ်ထားခြင်းပါ...

ဓါးစိတ်ဆန္ဒနဲ့ဆေဘာစိတ်ဆန္ဒ သဘောတရားတစ်ခုစီက အထူးလုံလောက်နေပြီဆိုရင် ဆေဘာဓါးစိတ်ဆန္ဒက မူလအစွမ်းထက်ဖွဲ့စည်းပုံကို အလွှာတစ်ခုထပ်ဖြစ်စေပြီး ဘယ်သူမှထိတွေ့ဖူးခြင်းမရှိတဲ့ နပယ်တစ်ခုကို ရောက်ရှိစေပါတယ်။

ဧကရာဇ်တန်းတောင်မှ ချူးယွန်က တိုင်ဂန်တိုက်ကြီးရဲ့ အယူအဆရှုထောင့်တွေကို ကျော်လွန်နေပြီ‌ဆိုတာ ဝန်ခံရပါလိမ့်မယ်။

နဂါးတိုက်ပွဲနယ်မြေအတွင်းရှိ ပရိသတ်တစ်သိန်းလုံး ဒီထူးခြားတဲ့အခြေနေနဲ့ ဖမ်းစားခြင်းခံနေရလို့ပါ။

ဒီလောကကြီးတစ်ခုလုံးက ချူးယွန်ရဲ့ပိုင်နက်ဖြစ်လာသလိုပါပဲ။

"အိုး!"

"ဘာဖြစ်တာလဲ?"

"ငါ့သိုင်းဝိညာဉ်ထိန်းချုပ်မရတော့ဘူး!"

ဓါးတွေ၊ဆေဘာတွေက နဂါးတိုက်ပွဲနယ်မြေအနှံ့က ထွက်ပေါ်လာခဲ့ပြီး ပရိသတ်တွေ ထိတ်လန့်တကြားအော်ဟစ်ကြလိုက်ကြပါပြီ။

ဓါးနဲ့ဆေဘာစိတ်ဆန္ဒအောက်မှာ သူတို့အနေနဲ့ ထိန်းချုပ်လို့မရခဲ့ပါဘူး။

နဂါးတိုက်ပွဲစင်မြင့်ပေါ်ရှိလူသုံးယောက် ချူးယွန်ကို ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြပါတယ်။

"ဆေဘာဓါးစိတ်ဆန္ဒ!"
တန်းဇီရှန်း တီးတိုးပြောလိုက်ပြီး သူမမျက်လုံးတွေက တုန်လှုပ်မှုတွေပြည့်‌နှက်နေလို့ပါ။

ချူးယွန်က မိသားစုပြိုင်ပွဲကို မမျှော်လင့်ထားတဲ့အရာတွေအများကြီး ယူလာပေးပါတယ်။သူမအနေနဲ့
ချူးယွန်ကို နားလည်ထားပြီလို့ ထင်ထားပေမယ့် အခုတော့ ဒီလိုဟုပ်ပုံမရပါဘူး။

"ဆေဘာနဲ့ဓါးစိတ်ဆန္ဒက ဒဏ္ဍာရီထဲမှာပဲရှိတာမဟုပ်လား?"
တန်းရှီ ရှေးဟောင်းစာအုပ်တွေကို ဖတ်ရှုလေ့လာဖူးပါတယ်။

ဒါပေမယ့် ထိုဒဏ္ဍာရီတွေက‌လည်း ခန့်မှန်းချက်သက်သက်ဖြစ်ပြီး တစ်ကယ်ပါလို့ ဘယ်သူမှမပြောနိုင်ပါဘူး။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now