အပိုင်း_404_နတ်ဆိုးဗုဒ္ဓတိုက်ပွဲဝင်ခန္ဓာကိုယ်

371 37 0
                                    

အပိုင်း_404_နတ်ဆိုးဗုဒ္ဓတိုက်ပွဲဝင်ခန္ဓာကိုယ်

ရွှေရောင်အလင်းတွေက အနက်ရောင်လုံးဝဖြစ်လာပါတယ်။ကြောက်မက်ဖွယ်နတ်ဆိုးစွမ်းအင်တွေက ပြင်းထန်လွန်းလို့ မြေပြင်က အက်ကွဲသွားခဲ့ရတယ်။

ချူးယွန်မျက်လုံးတွေက နီရဲကာ ရူးသွပ်နေပုံရပေမယ့် တစ်ကယ်တမ်း သူက အေးဆေးတည်ငြိမ်နေလို့ပါ။

သူဘာလုပ်နေတယ်၊ ဘာဖြစ်လာမယ်ဆိုတာ သူသိပါတယ်... ဒါပေမယ့် သူနောင်တ မရဘူး...

ဒါက သူ့နှလုံးသားထဲက လွတ်လပ်မှုပါပဲ။

အနက်ရောင်ဗုဒ္ဓစွမ်းအင်က နေရာတိုင်းကိုပျံ့နှံ့လာတဲ့နတ်ဆိုးအော်ရာနဲ့အတူ နတ်ဆိုးဗုဒ္ဓခန္ဓာကိုယ်ကိုဖွဲ့စည်းလာခဲ့ပါပြီ။

"ဒါက နတ်ဆိုးလမ်းစဉ်ကိုရောက်သွားပြီ... ခေါင်းမမာပဲ အမြန်ပြန်လှည့်တော့!"
ဗုဒ္ဓရုပ်ပွားတော် ထိတ်လန့်စွာနဲ့ အော်ဟစ်လိုက်တယ်။

"နှလုံးသားက မွေးဖွားလာနဲ့ ဖြောင့်မတ်တဲ့လမ်းစဉ်ပဲဖြစ်ရမှာလား? ဒါက ကျုပ်ရဲ့လမ်းစဉ်၊ ဒါက နတ်ဆိုးတာအိုဖြစ်နေရင်တောင် ဒါက ကျုပ်ရဲ့တာအိုပဲ!"
ချူးယွန် ပြင်းထန်စွာပြောလိုက်တယ်။

မူလက မွေးဖွားလာတဲ့ရွှေရောင်စွမ်းအင်က ဒေါသနဲ့ အငြင်းပွားမှုတွေကြား အနက်ရောင်ကိုပြောင်းလဲသွားပြီး နတ်ဆိုးဗုဒ္ဓစွမ်းအင်အဖြစ်ပြောင်းလဲသွားစေပါတယ်။

ဒါက အတွေးတစ်ချက်ပဲ လိုအပ်ခဲ့တာပါ...

အနက်ရောင်နတ်ဆိုးဗုဒ္ဓကြောင့် ချူးယွန်က ပိုသန်မာလာသလိုခံစားနေရပြီး သူ့ခန္ဓာကိုယ်က ပေါက်ကွဲနိုင်စွမ်းတွေပြည့်နှက်နေသလို ခံစားနေရလို့ပါ။

ချူးယွန်က ဗုဒ္ဓလမ်းစဉ်ကို မကူးပြောင်းခဲ့ပေမယ့် ထူးခြားတဲ့တိုက်ဆိုင်မှုကြောင့် နတ်ဆိုးဗုဒ္ဓတိုက်ပွဲဝင်ခန္ဓာကိုယ်ကို ဖန်တီးနိုင်ခဲ့ပါပြီ။

ဒါကလည်း ကံကောင်းမှုတစ်ခုလို့ပြောလို့ရပါတယ်။

ကမ္ဘာတစ်သောင်းပြိုကွဲရသလို ဗုဒ္ဓရုပ်ပွားတော်ကြီးလည်း တဖြည်းဖြည်း‌ ပျောက်ကွယ်လာနေခဲ့ပြီလေ။ဒါပေမယ့် ပျောက်ကွယ်မသွားခင် သူက ဟိန်းဟောက်လိုက်ပါသေးတယ်
"အတွေးတွေကိုဂရုစိုက်... မင်းအခု နတ်ဆိုးလမ်းစဉ်ကို ရောက်တော့မယ်၊ ဒီအခါကျရင် နောက်ပြန်လှည့်လို့ရမှာမဟုပ်တော့ဘူး!"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now