1261-1265

314 41 0
                                    

အပိုင်း ( 1261 ) လုံးဝ ပြီးပြီ

ယောက်ချီမြင့်မြတ်တိုင်းပြည်၊ အင်ပါယာမြို့တော်၊ ကျယ်ပြန့်တဲ့ မြေကွက်ကျယ်ကြီးတစ်ခုမှာ...

စွန်းဝေက ပြုံးရွှင်နေတဲ့ မျက်နှာအမူအရာနဲ့ ခန်းမကြီးတစ်ခုအရှေ့မှာ ရပ်နေခဲ့ပါတယ်။

တကယ်တော့ နက်နဲမြေကမ္ဘာခရီးစဉ်က ဒီလောက် အန္တရာယ် မများခဲ့ပါဘူး။ ဒါကြောင့် နီဗားနားနယ်ပယ်သားရဲနဲ့ ရင်မဆိုင်ရသ၍ အသက်ရှင်လျှက် ပြန်လာနိုင်ကြပါလိမ့်မယ်။

ပြောရရင် ဒါက သူတို့တွေကို အတွေ့အကြုံရှာစေတာထက် မပိုပါဘူး။ သူတို့တွေသာ အတွေ့အကြုံကြွယ်ဝလာရင် ကောင်းကင်ကို ပျံသန်းနိုင်ပါပြီ။

"အချိန်ကျပြီ"
သူက ကောင်းကင်ကို လက်ညိုးတစ်ချက်ညွှန်ပြီး မာနထောင်လွှားစွာ ပြောလိုက်ပါတယ်။
"သွား... တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကိုဖွင့်ပြီး ပါရမီရှင်တွေကို ပြန်ခေါ်လိုက်ကြတော့"

"ကောင်းပါပြီ မဟာဆရာ"
အော့ခမ်းနစ်ဆရာတွေလည်း အစီရင်ကို ချက်ချင်း အသက်သွင်းလိုက်ပါပြီ။

ဒီအခါမှာတော့ ကောင်းကင်ယံမှာ အလင်းတန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဧရာမတံခါးကြီးတစ်ခု ထွက်ပေါ်လာခဲ့ပါတော့တယ်။

အလင်းတံခါးပွင့်တာနဲ့ လူရိပ်တစ်ခုက ချက်ချင်း ထွက်လာခဲ့ပါပြီ။

ဒါက ဖန့်ကျစ်ပါ။ ဖန့်ကျစ်က ပြုံးရွှင်စွာနဲ့ပဲ ထွက်လာခဲ့ပါတယ်။

'ဟမ့်'
စွန်းဝေ နှာခေါင်းတစ်ချက်ရှုံ့ပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်ပါပြီ။
"ကောင်စုတ်လေး... မင်းဘာလို့ အထဲမှာ မသေတာလဲ'

ဟုတ်ပါတယ်။ မင်းသားတစ်ပါးအနေနဲ့ သူ့မှာ ဝှက်ဖဲတွေ အများကြီးရှိမှာပါ။ ဒါကြောင့် နက်နဲမြေကမ္ဘာလိုနေရာမျိုးမှာ သူ့အတွက် အသက်အန္တရာယ် မရှိခဲ့ပါဘူး။

ဖန့်ကျစ်က ရောက်တာနဲ့ ရင်ပြင်ကနေ တခါတည်း ထွက်သွားလိုက်ပါပြီ။

သူဟာ နက်နဲမြေကမ္ဘာမှာ ယောက်ချီမြင့်မြတ်တိုင်းပြည်က လူအတော်များများသေသွားတဲ့သတင်းကို ကြားခဲ့ရပါတယ်။ တချို့က တိုက်ပွဲတွေမှာသေပြီး တချို့က ဘာကြောင့်မှန်းမသိ သေဆုံးသွားကြတာပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now