သူက အခုဆိုရင် လေးမီတာခန့်မြင့်မားသွားခဲ့ပါပြီ။

အနက်ရောင်နွယ်‌တွေ ရစ်ပတ်ထားတဲ့ လက်သီးနဲ့ ထိုးနှက်လိုက်တဲ့အခါ ကောင်းကင်တောင် အမှောင်ကျသွားခဲ့ပုံရပါတယ်။

ဒါက သူ့ရဲ့လျှို့ဝှက်နည်းလမ်းတွေထဲက တစ်ခုပါ။ ဒါက သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပိုအားကောင်းလာစေသလို အင်အားလည်း ကြီးမားလာစေပါတယ်။

တစ်ဖက်လူရဲ့ တိုက်ခိုက်မှုက သူ့အပေါ်ကို ကျရောက်လာရင်တောင် နွယ်ပင်တွေကိုထိခိုက်မိမှာဖြစ်ပြီး တိုက်ခိုက်မှုအင်အားအနည်းငယ်သာ သူ့ဆီကို ရောက်လာတော့မှာပါ။

တာ့လင်ရဲ့  ထိုးကြိတ်မှုတွေက သူ့ဆီကို ဆက်တိုက်တိုးဝင်လာနေလို့။ ဒါပေမယ့် နတ်ဆိုးက သူ့ရဲ့တိုးတက်လာတဲ့ စွမ်းရည်တွေနဲ့ တိုက်ခိုက်မှုတွေကို အလွယ်တကူ ခုခံတားဆီးထားခဲ့ပါတယ်။

"ဂျွတ်"
တာ့လင်က နတ်ဆိုးရဲ့ တိုက်ခိုက်မှုကို လက်နဲ့ကာပြီး သူ့ပုခုံးနဲ့ထမ်းကာ မြေပေါ်ကို တအားကိုင်ပေါက်လိုက်ပါပြီ။

နတ်ဆိုးရဲ့မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်ရေးနည်းလမ်းက တကယ်ထူးခြားပါတယ်။ သူ့ရဲ့ ကြွယ်ဝတဲ့တိုက်ခိုက်ရေးနည်းလမ်းနဲ့တောင် ဘယ်လိုခုံခံရမှန်း မသိပါဘူး။

တာ့လင်က နတ်ဆိုးရဲ့ခန္ဓာကိုယ်ကို လှည့်ပြီး ဒူး၊တံတောင်၊ လက်သီး စသည်ဖြင့် နည်းလမ်းမျိုးစုံနဲ့ လှည့်ပတ်တိုက်ခိုက်ပါတယ်။

ဒီနည်းလမ်းတွေက ချူးယွန်နဲ့တိုက်ခိုက်ရင်း တတ်မြောက်လာခဲ့တာပါ။

တိုက်ခိုက်ရင်း ချူးယွန်က အမှတ်မထင်ဆိုသလို ဒီလိုနည်းလမ်းမျိုးကို အသုံးပြုတတ်ပါတယ်။

တိုက်ပွဲများစွာ ရင်ဆိုင်တိုက်ခိုက်ပြီးမှ ချူးယွန်ဆီက သင်ယူလာနိုင်ခဲ့တာပါ။ အခုတော့ ထိုနတ်ဆိုးကိုတိုက်ခိုက်တဲ့နေရာမှာ အသုံးပြုနေခဲ့ပါပြီ။

"ဝုန်း ဝုန်း ဝုန်း"
သူတို့နှစ်ဦးက အပြင်းအထန်တိုက်ခိုက်နေလို့ပါ။ တိုက်ခိုက်မှုတွေ တွေ့ဆုံသွားတိုင်းမှာ စွမ်းအင်လှိုင်းတွေကလည်း ဖြာထွက်လာခဲ့စမြဲ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now