ရှောင်ကလန်နဲ့ ယုကလန်ဆိုတာက သာမန်မဟုတ်ပါ။ သူတို့က နက်ရှိုင်းတဲ့ အခြေခံရှိပြီး အရိပ်တောင်‌တန်းကသာ ဝင်မစွတ်ဖက်ရင် ချူးကလန်က သူတို့ကို ဆန့်ကျင်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် အကြောင့်ပြချက်အချို့ကြောင့် ချူးယွန်က စိုးရိမ်ပူပန်မှု ကင်းမဲ့ခဲ့ပါတယ်။

"ဇီရှမ်း… နင့်ငါဆီကို ကံကောင်းခြင်းတွေပဲ အမြဲယူဆောင်ပေးခဲ့တာပဲ"
ချူးယွန်က ပြုံးလိုက်ပါတယ်။ ပြီးနောက် တန်းဇီရှမ်းရဲ့ နူးညံ့တဲ့လက်ကလေးကိုဆုပ်ကိုင်ဖို့ သူ့လက်ကို ဆန့်ထုတ်လိုက်ပါပြီ။

တန်းဇီရှမ်း အံ့အားသင့်စွာနဲ့ ချူးယွန်ကို အချိန်အတော်ကြာ ငေးမောကြည့်လိုက်မိပါတယ်။

"နင်!"
ရုတ်တရက် သူမက လက်ကို ပြန်ဆွဲရုတ်ပြီး ဒေါသတကြီးနဲ့ ပြောလိုက်တယ်။
"ငါက နင်ကို အရေးကြီးကိစ္စကို ပြောနေတာလေ… နင်နည်းနည်းလောက် အလေးအနက်ထားလို့ မရဘူးလား"

ချူးယွန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဘာမှမဖြစ်ခဲ့ဟန်နဲ့ ပြောလိုက်ပါတယ်။
"ငါအရမ်းလေးနက်နေပါတယ်… သူတို့က ငါ့ကိုတိုက်ခိုက်ချင်နေတယ်လို့ နင်ပြောတယ်နော်… ငါကတော့ ဒီနေ့ဖြစ်ဖို့ မျှော်လင့်တယ်"

"ဘာဖြစ်လို့လဲ?"
တန်းဇီရှမ်းက သံသယတွေ ပြည့်နှက်သွားပါတယ်။ ဒီလိုစစ်ပွဲကာလကြီးမှာ နတ်ဆိုးမျိုးနွယ်ကို ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာပဲ တွေးတောနေသင့်တာမဟုတ်ဘူးလား?

ဘာဖြစ်လို့ ရှောင်ဟွမ်နဲ့ ဧကရာဇ်ယုက သူ့ကိုတိုက်ခိုက်တော့မယ်လို့ကြားတာနဲ့ ပျော်ရွှင်သွားရတာလဲ?

"ဒီခွေးအိုကြီးတွေက ငါ့ကိုသတ်ဖို့ အမြဲကြိုးစားနေကြတာ… ငါက သူတို့ကို မသတ်ချင်ပဲနေပါ့မလား… ငါ့မှာ အကြောင်းပြချက်ကောင်းကောင်းမရှိတာ ဆိုးတာ… မဟုတ်ရင် သူတို့တွေ ဒီလောက်ထိ အသက်ရှည်နေမှာမဟုတ်ဘူး"
ချူးယွန် ပြောလိုက်ပါတယ်။

"နင်ယုံကြည်မှုရှိလား"
တန်းဇီရှမ်းက အနည်းငယ်အံ့အားသင့်နေဆဲပါပဲ။

ရှောင်ကလန်နဲ့ ယုကလန်က အလယ်ပိုင်းဒေသမှာ နက်ရှိုင်းစွာအမြစ်တွယ်နေနိုင်တဲ့ မဟာကလန်ကြီးနှစ်ခုပါ။ တန်းကလည်း မဟာကလန်တစ်ခုဖြစ်တာကြောင့် တန်းဇီရှမ်းအနေနဲ့ မဟာကလန်ကြီးတွေရဲ့ အင်အားကို‌ ကောင်းစွာ နားလည်ထားပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now