အပိုင်း_398_ရှည်ကြာသောတိုက်ပွဲ

Start from the beginning
                                    

ဒီအဆင့်ကိုမပြောနဲ့ ဆေဘာစိတ်ဆန္ဒနဲ့ ဓါးစိတ်ဆန္ဒနှစ်ခုလုံးကို နားလည်ဖူးသူတောင်မရှိပါ။

ချူးယွန်ကတော့ အောင်မြင်ခဲ့တယ်။

တန်းတန့်ဖုန်းလည်း အံ့အားသင့်စွာ ပါးစပ်အဟောင်းသားဖြစ်နေခဲ့ကာ ပြန်တောင်ပိတ်လို့မရပါဘူး။

ချူးယွန်က ဓါးနဲ့ဆေဘာကိုကိုင်ကာ လေထဲမှာရပ်နေပြီး သူက ဒီလောကကြီးရဲ့ အုပ်ချုပ်သူတစ်ပါးအလားပါပဲ...

ဓါးနဲ့ဆေဘာကို သူ့လက်ထဲမှာကိုင်လိုက်တာနဲ့ သောင်းနဲ့ချီတဲ့ဓါးတွေဆေဘာတွေထွက်ပေါ်လာကာ ဧကရာဇ်တစ်ပါးနဲ့ကြုံတွေ့ရသိလို အရိုသေပြုလိုက်ကြပါပြီ။

ဆေဘာနဲ့ဓါးတစ်သောင်း အရိုသေပြုခြင်း!

ဒါက ထိန်းချူပ်လို့မရသလို ရပ်တန့်လို့လည်း မရပါဘူး!

ချူးယွန်က ဓါးနဲ့ဆေဘာတို့ရဲ့ ဧကရာဇ်တစ်ပါးအလား!

"သတ်!"
ချူးယွန် အော်ဟစ်ပြီး တိုက်ခိုက်ဖို့အစပြုလိုက်ပြီလေ။

အခြားသုံးယောက်ကလည်း ပြန်လည်တိုက်ခိုက်လုက်လိုက်ကြပါပြီ။

တိုက်ပွဲပြင်းထန်မှုကြောင့် လေဟာနယ်က အကြိမ်ကြိမ်ပြိုကွဲရပါတယ်။

………

ကုန်းဇီဆယ်ပါးက အလယ်ပိုင်းဒေသရဲ့ အသန်မာဆုံးလူဆယ်ယောက်ပါ...

ထိုနေရာအတွက် မယှဉ်ပြိုင်ချင်တဲ့ လူငယ်ကျွမ်းကျင်သူတွေရှိနေပေမယ့် ကုန်းဇီဆယ်ပါးနေရာရထားသူတိုင်းက သာမန်မဟုပ်ပါဘူး...

ကုန်းဇီဆယ်ပါးနေရာကို ငါးနှစ်တစ်ကြိမ်ပြာင်းလဲပါတယ်။

ကုန်းဇီဆယ်ပါးတိုက်ပွဲမတိုင်ခင် တစ်နှစ်ခွဲလိုပါသေးတယ်။

ဒီအခါကျရင် ကုန်းဇီဆယ်ပါးက မြင်ကွင်း‌ပေါ်ကိုတက်ရောက်ပြီး သူတို့ကိုစိန်ခေါ်လာမယ့်သူတွေကို လက်ခံယှဉ်ပြိုင်ရပါလိမ့်မယ်။

ထိုနေ့ရောက်ရင် စိန်ခေါ်သူသိုင်းပညာရှင်တွေက ကုန်းဇီဆယ်ပါးထဲက ကြိုက်တဲ့သူကို စိန်ခေါ်နိုင်ပြီး အနိုင်ရတာနဲ့ ထိုလူနေရာကိုဝင်ကာ ကုန်းဇီဆယ်ပါးထဲက တစ်ပါးအပါအဝင်ဖြစ်လာမှာပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၃ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၃Where stories live. Discover now