Ep-55

2.2K 215 1
                                    

အခန်း ၅၅. တိုက်ခိုက်ခြင်း (၁)
....

ဒဝမ်ထျန်းယောင်သည်ဒုတိယအကြီးကဲထံမှ ထွက်လာနေသောရောင်ဝါများကို သေချာစွာခံစားလိုက်ရသောကြောင့် သူသည်ယဲ့ရွှန်းအားကာကွယ်လိုက်လေသည်။

သူတို့နှစ်ဦးအခြေအနေကိုမြင်သောအခါ ဒဝမ်အိမ်တော်မှအကြီးကဲများသည်ထိတ်လန့်သွားပြီး ဒဝမ်ထျန်ယောင်နှင့်ယဲ့ရွှန်းတို့ရှေ့သို့ ဝင်ရောက်ကာကွယ်ကြလေသည်။

"ဒုတိယအကြီးကဲ ဒီကိစ္စကတခြားသူတွေ ချောက်တွန်းစကားနဲ့ဘာမှမပက်သက်ဘူး။ ခင်ဗျားဘာလုပ်ခဲ့သလဲခင်များပဲသိမှာပေါ့" ဟုဒဝမ်အိမ်တော်မှအကြီးကဲမှပြောလေသည်။

"ငါလုပ်ခဲ့တဲ့ဟာ?" ဒုတိယအကြီးကဲသည်ရယ်လိုက်ပြီး

"ငါအတွင်းအားလေ့ကျင့်နေတာအချိန်တွေအရမ်းကြာနေပြီ အပြင်ကိုတဖဝါးမှတောင်မထွက်ခဲ့ဘူး။ အခုလိုငါ့ကိုစွပ်စွဲလိမ့်မယ်လို့ ဘယ်တုန်းကမှငါမတွေးထားခဲ့ဘူး"ပြောလေသည်။

ဒုတိယအကြီးကဲ၏တဖြေးဖြေးတိုးလာသော ဒေါသအင်အားများကိုကြည့်ရင်း ဒဝမ်အိမ်တော်မှအခြားသောအကြီးကဲတစ်ယောက်သည် ဒဝမ်ထျန်းယောင်ကိုကာကွယ်ရင်းနှာမှုတ်ကာ ရယ်လိုက်လေသည်။

"အကယ်၍ခင်ဗျားသာလုပ်ချင်တယ်ဆို ဘာလို့ကိုယ်တိုင်လုပ်မလည်း? အကြီးကဲများကော ကျုပ်တို့ကောခင်ဗျားဂူအောင်းသိုင်းလေ့ကျင့်နေတဲ့အချိန်မှာ နေစဉ်သုံးလိုအပ်တဲ့အစားအသောက်နဲ့ အဝတ်အစားတွေကို လူယုံတော်တွေကလာပို့တာအားလုံးသိတယ်။အကယ်၍ ခင်ဗျားရဲ့လူယုံတော်တွေကိုလုပ်ခဲ့တာဆိုရင် ဒီကိစ္စကလုံးဝမဖြစ်နိုင်ဘူးဆိုမဟုတ်ဘူး"

ယဲ့လင်းသည်အဖြစ်အပျက်များကိုကြည့်ရင်း အခြေအနေများကိုရှင်းလင်းစွာနားလည်သွားလေသည်။ အစတွင်သူသည်ဒဝမ်အိမ်တော်ကလူများရှိနေသည့်အကြောင်းအရင်းကို တွေးတောနေခဲ့သော်လည်း အခုတွေမြင်ရသည့်အခြေအနေအရအကြီးကဲက ပြင်ဆင်ပြီးမှလာခဲ့ကြောင်းသူသိသွားလေသည်။

သူသည်ယဲ့လင်းအားမနေ့ညတွင် လုပ်ကြံသတ်ဖြတ်ခြင်းဆုံးရှုံးသွားပြီး ယခုသူသည်ထိုအပြစ်အားဒုတိယအကြီးကဲပေါ်သို့ ပုံချချင်နေခြင်းဖြစ်လေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang