အခန်း ၃၁ မီးတောက်အဆိပ် (၁)
ယဲ့ကျင့်ထန်၏အရင်ဘဝတွင် ထိုပစ္စည်းနှစ်မျိုး၏အသုံးဝင်ပုံကို လူများစွာကရှာခဲ့ကြလေသည်။ ဒါပေမယ့်နှစ်ပေါင်းများစွာကြာသောအခါမှသာ နည်းလမ်းရှာတွေ့ခဲ့ကြလေသည်။ ယဲ့ကျင့်ထန်သည်ထိုအရာများကိုအရေအတွက်များစွာဝယ်ယူခဲ့သည်။ ဘေးကကြည့်နေကြသောလူတို့သည် ဘာကြောင့်ယဲ့ကျင့်ထန်သည် ယခုလိုအသုံးမဝင်သောပစ္စည်းများကို ဝယ်သည်ကို ရှုပ်ထွေးစွာဖြင့်တွေးနေကြလေသည်။
"သခင်မလေးယဲ့အကြိုက်က..... စိတ်ဝင်စားစရာပဲ"
ဆေ့ဘိုင်သည်ပြုံးမိသွားသော်လည်း ဘာကြောင့်ဝယ်သလဲဟုအကြောင်းအရင်းကိုမမေးတော့ပေ။မကြာခင်မှာပဲ သူတို့သည်ဆေ့အိမ်တော်ရှေ့သို့ ရောက်လာလေသည်။ သူတို့အိမ်တော်ထဲသို့ဝင်လိုက်သည်နှင့် အခြေအနေမှာပုံမှန်မဟုတ်ကြောင်း ဆေ့ဘိုင်ခံစားရလေသည်။
အိမ်တော်ခန်းမအပြင်ဘက်သို့ ရောက်သောအခါယဲ့ကျင့်ထန်သည် အသံများကိုကြားရလေသည်။
"အဖိုး ဒုတိယညီလေးရဲ့အခြေအနေက အရမ်းစိုးရိမ်နေရတယ်။ ကျတော်ဒဝမ်အိမ်တော်ကို မီးဆိပ်ဖြေဆေးလုံးကိုပေးဖို့ သွားပြောကြည့်မယ်"ဟု ယောကျ်ားဆန်သော အသံနိမ့်တစ်ခုသည်ဆေ့အိမ်တော်ခန်းမထဲမှ ကြားရလေသည်။
"ဆေးဆရာကြီးဇူကမင်းညီကို အခုဆေးကုပေးနေတယ်။ ဒဝမ်အိမ်တော်ကိုကမီးတောက်ဖြေဆေးကို လွယ်လွယ်ကူကူနဲ့ပေးလိုက်မှာမဟုတ်ဘူး။ အပေါ်ယံမှာဒဝမ်အိမ်တော်နဲ့ အဆင်ပြေနေသလိုထင်ရပေမယ့် လူမသိသူမသိဖြစ်ပျက်ထားတဲ့ ကိစ္စတွေအများကြီးရှိခဲ့တယ်။ မင်းအဲ့ကိုသွားခဲ့ရင်တောင် သူတို့ကမင်းကိုဆေးလုံး ပေးလိုက်မှာမဟုတ်ဘူး" ဟုဆေ့အိမ်တော်၏သခင်ကြီးမှပြောလေသည်။ သူ့ရဲ့အသံမှာမျှော်လင့်ချက်မဲ့နေလေသည်။
ဆေ့ဘိုင်သည်ယဲ့ကျင့်ထန်နှင့် အချင်းချင်းကြည့်လိုက်ကြပြီး ခန်းမထဲသို့အလျှင်အမြန်ဝင်သွားကြလေသည်။
ဆေ့အိမ်တော်၏သခင်ကြီးအပြင် ခန်းမထဲတွင်ရုပ်ချောမောပြီးအရပ်ရှည်ထောင်ထောင်မောင်းမောင်း လူငယ်တစ်ယောက်အတူရှိနေလေသည်။ ထိုလူငယ်သည်ဆေ့ဘိုင်နှင့်ဆင်ပုံရသော်လည်း ပို၍တည်ငြိမ်ပြီးခွန်အားများဖြင့်ပြည့်နက်နေလေသည်။
YOU ARE READING
အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)
Historická beletriaTranslation work of HanMay & GinYu (Best Novels Collection Team- BNC Team) U can search 'Best Novels Collection Team' on Fb💛 Every Tuesday & bonus day⭐ (Paid gpရိွ)