Ch-88

1.3K 142 0
                                    

Unicode
...

အခန်း ၈၈. နွေးထွေးမှု (၁)

မွေးနေ့ဧည့်ခံပွဲပြီးသည်နောက်တစ်နေ့တွင် ယဲ့အိမ်တော်၌ဖြစ်ပျက်ခဲ့သောအကြောင်းအရာများသည် လင်မြို့တခွင်အလျှင်အမြန်ပျံ့နှံ့သွားလေသည်။

နောက်တစ်နေ့မနက်တွင်ယဲ့ကျင့်ထန်သည် မုစုကိုဖိတ်ခေါ်ပေးသည့်အတွက်ကျေးဇူးတင်ကြောင်းဆေ့သခင်ကြီးကိုပြောရန် ဆေ့အိမ်တော်သို့သွားလေသည်။

"မနေ့ကယဲ့အိမ်တော်မှာ အများဖြစ်ပျက်ခဲ့တာပဲ။ အဲ့အကြီးကဲသူစိုက်တဲ့အတိုင်းသူနောက်ဆုံးတော့ရိတ်ရတာပဲပေါ့" ဟုထိုင်ခုံတွင်ထိုင်ရင်းဆေ့သခင်ကြီးပြောလေသည်။

ယဲ့ကျင့်ထန်ပြုံးလေသည်။

"မနေ့ကရှန်းလင်ဂိုဏ်းဝင်ခွင့်အတွက် မိတ်ဆက်စာရေးပေးဖို့သခင်ကြီးမုစုကို သမီးရအောင်ပြောခဲ့တယ်လို့အဖိုးကြားတယ် ဟုတ်လား?" ဟုသခင်ကြီးမုစုသည်စကားလမ်းကြောင်းပြန်တည့်ကာမေးလေသည်။

"ဟုတ်ကဲ့" ယဲ့ကျင့်ထန်သည်ဘာမှဖုံးကွယ်ထားဖို့စိတ်ကူးမရှိပဲ ဖြေလေသည်။

ဆေ့သခင်ကြီးသည်စိုးရိမ်သွားသောမျက်နှာဖြင့်ကြည့်လေသည်။

"ဂိုဏ်းတစ်ခုထဲဝင်ဖို့စိတ်ဆုံးဖြတ်ချက် ခိုင်မာတာကောင်းပါတယ်။ သမီးဘယ်လောက်ယဲ့အိမ်တော်မှာ အနိမ်ခံအရှက်ခွဲခံခဲ့ရပြီးခံစားခဲ့ရတာတွေရှိတာလည်းအဖိုးသိပါတယ်၊ ဒါပေမယ့်ဂိုဏ်းတစ်ခုထဲကိုဝင်ဖို့ဆိုတာကဘမလွယ်ဘူး။

အကယ်၍ဝင်ခွင့်ကိုမအောင်ခဲ့ဘူးဆိုရင် သမီးရဲ့တစ်ခုတည်းသောအခွင့်အရေးကို ဆုံးရှုံးမှာကိူစိုးရိမ်တယ်။ သမီးကအခုမှစတာဆိုတော့ ဝင်ခွင့်ကိုချက်ချင်းကြီးပါဝင်ဖြေဆိုဖို့ကျသမီးကိုဝန်ပိလိမ့်မယ်။"ဆေ့သခင်ကြီးသည်ခနရပ်လိုက်ပြီး စိတ်ရင်းဖြင့်ဆက်ပြောလေသည်။

"ဆေ့ယဲ့နဲ့ ဆေ့ချောင်တို့ကသူတို့ရဲ့ဆရာတွေနဲ့အပြင်လောကမှာသိုင်းပညာလေ့ကျင့်နေကြပြီး ဂိုဏ်းဝင်ခွင့်ကိုနောက်တစ်နှစ်နစ်နှစ်နေမှ ဝင်ဖြေကြလိမ့်မယ်။ ဆေ့ဘိုင်ရဲ့တွင်းအားအမြစ်က အကောင်းဆုံးဖြစ်ပြီးတော့အစကသူ့ကိုဂိုဏ်းတစ်ခုကိုဝင်စေချင်ခဲ့ပေမယ့် သူကကိုယ်ခံအားမကောင်းဘူးလေ။ အခုတော့သူကိုသေချာပြန်ပြီးကျန်းမာသန်စွမ်းလာအောင် လုပ်နိုင်ပြီဆိုတော့အဖိုးလည်းပဲစိတ်ချသွားပြီ"

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now