Ep-7

3.8K 435 1
                                    

အခန်း ၇. ​စေ့စပ်​​ကြောင်းလမ်းခြင်းအား ဖျက်​သိမ်းခြင်း (၃)
....

"ဦး​လေးယဲ့လည်း ယဲ့မိသားစုရဲ့ အရှင်သခင်​ပဲ၊ ကျ​တော်​​ပြောသွားတဲ့အထဲမှာ မှားတာတစ်​စုံတစ်​ရာပါသွားလား?"

ဒ၀မ်​ထျန်း​ယောင်​သက်​ ဆက်​လက်​၍ဟန်​​ဆောင်​မ​နေ​တော့။ ဒ၀မ်​ထျန်း​ယောင်​သည်​ ယဲ့ရွှန်းဆီမှယဲ့လင်းမှာ အမည်​ခံအရှင်​သခင်​သာဖြစ်​ပြီး တကယ်​အာဏာရှိ​သောသူမှာ အကြီးကဲဖြစ်​သည်​ကို သိသည်​မှာအချိန်​ကြာပြီဖြစ်​သည်​။

"မင်း....."ယဲ့လင်းမှာ ​ဒေါသထွက်​လွန်း၍ တုန်​​နေသည်​။

ဘေးမှာမတ်​တတ်​ရပ်​နေ​သော ယဲ့ရွှန်းသည်​ရှေ့သို့ထွက်​လာသည်​။ သူမအနည်းငယ်​ပြုံးမိ​သော်​လည်း ထိုအပြုံးအားစိုးရိမ်​​သော မျက်​နာအမူအရာဖြင့်​ ဟန်​​ဆောင်​ဖုံးကွယ်​လိုက်​သည်​။ ထို့​​နောက်

"အ​ဖေရယ်​စိတ်​မဆိုး ပါနဲ့​နော်​"

"စိတ်​မဆိုးနဲ့? ဟုတ်​လား? ငါဘာလို့စိတ်​မဆိုးရမှာလည်း? ဟု​မေး​လေသည်​။

ယဲ့ရွှန်းမှာခန့်​ညားသန်​စွမ်း​သော ဒ၀မ်​ထျန်း​ယောင်​အားကြည့်​ပြီး "သခင်​​လေး ဒ၀မ်​မှာလည်းသူ့အ​ကြောင်းနဲ့သူရှိမှာပါ။ ဒ၀မ်​အိမ်​​တော်​ရဲ့အရှင်​သခင်​ဖြစ်​လာမယ့်​သူက အိမ်​​တော်​ရဲ့ဂုဏ်​သိက္ခာကို ငဲ့ရမယ်​​လေ။ အ​ဖေ သူကိုနားလည်​​ပေးလိုက်​ပါ။ ထန်​ထန်​ကငယ်​ပါ​သေးတယ်​၊ အနာဂတ်​မှာ ​ယောက်ျား​ကောင်းတစ်​​ယောက်​ကိုရှာဖို့ အချိန်​အများကြီးကျန်​ပါ​သေးတယ်​။"

"ဘာ​ပြောလိုက်​တယ်​?" ဟု ယဲ့လင့်​မှာသူ့​မွေးစားသမီးအား မယုံနိုင်​စွာ ကြည့်​​လေသည်​။ ဒ၀မ်​ထျန်း​ယောင်​ဘက်က​နေ၍ ကာ​ပြောသည်​ကိုသူ မယုံနိုင်​​ပေ။

ယဲ့ရွှန်းမှာ ​ဒေါသူပုန်​ထနေ​သော ယဲ့လင်းအားကြည့်​ပြီး​နှောက်​ ဘာမှမ​ပြောပဲ တိတ်​ဆိတ်​​နေ​သောယဲ့ကျင့်​ထန်​ဘက်​လှည့်​လိုက်​သည်​။ ထို့​နောက်​ ဒ၀မ်​ထျန်း​ယောင်​ကယဲ့ကျင့်​ထန်​အားပေး​သော ​ဆေးလုံးကို ယဲရွှန်းမှာ ယူ၍ ယဲ့ကျင့်​ထန်​လက်​ထဲသို​ထည့်​​ပေး​လေသည်​။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now