Ep-105

908 86 1
                                    

Unicode
...
အခန်း ၁၀၅

ခေတ္တခဏလောက်ကြာသောအခါ သားရဲကောင်ကြီးတစ်ကောင်သည်သစ်ပင်များကြားထဲမှထွက်လာလေသည်။ ထိုအရာမှာငါးမီတာမြင့်ပြီး အဆင့်၅ ရှိသောနတ်ဆိုးသားရဲကောင်ကြီးဖြစ်နေလေသည်။

ထိုအကောင်ကြီးသည်မဲနက်နေပြီးအစွယ်များမှာ အလင်းရောင်အောက်တွင်တောက်ပြောင်နေလေသည်။ ထိုအကောင်ကြီး၏သတ်ချင်ဖြတ်ချင်နေသောမျက်လုံးများသည် သူ့အရှေ့တွင်ရှိနေသောတစ်ခုတည်းသောသက်ရှိလုစုဝေအားစိုက်ကြည့်နေလေသည်။

နတ်ဆိုးသားရဲကြီးကိုမြင်လိုက်ရသဖြင့် လုစုဝေသည်တုန်လှုပ်ခြောက်ခြားသွားလေသည်။

အဆင့် ၅သားရဲသည် လေ့ကျင့်လေ့လာထားခြင်းများမပြုလုပ်ထားသော  စာမေးပွဲဖြေဆိုသူများကိုင်တွယ်နိုင်သောအရာမျိုးမဟုတ်ပေ။

"ဘယ်လိုဖြစ်ရတာလဲ? ဘယ်လိုလုပ်ဂိုဏ်းဝင်ခွင့်စာမေးပွဲက ဒီလောက်ခက်ခဲတာလဲ" လုစုဝေမျက်မှောင်ကြုပ်သွားလေသည်။

သူသည်သားရဲကြီးကို အလဲထိုးနိုင်ဖို့တောင်မမျှော်မှန်းထားပေ။ ထိုအကောင်ကြီးလက်မှထွက်ပြေးလွှတ်မြောက်နိုင်လျှင်ပင် သူသည်ပျော်ရွှင်စွာအောင်ပွဲခံမည်ဖြစ်လေသည်။

လုစုဝေသူ့အတွေးထဲတွင် မျောနေစဉ်တွင်သားရဲကြီးမှာဟိန်းဟောက်လိုက်လေသည်။ ထိုသားရဲသည်လုစုဝေဆီသို့လာနေလေသည်။

လုစုဝေသည်ဖုရောင်းဘောလုံးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသော်လည်း လူလတ်ပိုင်းလူကြီးသူတို့အားပြောသောစကားအားသူမှတ်မိသွားလေသည်။

"အထဲမှာရှိတဲ့ဘယ်အရာကမှမင်းတို့အသက်အန္တရာယ်မထိခိုက်စေဘူး"

အတွေးတစ်ခုသူ့ခေါင်းထဲတွင်ပေါ်လာကာထိုဖယောင်းဘောလုံးကို ချေရန်အခွင့်အရေးကိုလက်လျော့လိုက်လေတော့သည်။ သူချက်ချင်းသူ၏ခါးတွင်ချိတ်ထားသောဓားကိုဆွဲထုတ်လိုက်ပြီး သားရဲကြီး၏တိုက်ခိုက်မှုကိုခုခံလိုက်လေသည်။

သူသည်ဓားမှလေးလံမှုကိုခံစားရသော်ငြားလည်း ထိုအင်အားမှတကယ့်အဆင့် ၅ ရှိသောနတ်ဆိုးသားရဲနှင့်ယှဉ်လျှင် အဲ့လောက်မရှိကြောင့်သူသိလိုက်ရလေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now