Ch-68

1.7K 191 0
                                    

Unicode

အခန်း ၆၈. မွေးနေ့ဧည့်ခံပွဲ (၅)
...

လူတိုင်း၏ရင်ထဲတွင် 'ဂိုဏ်း'ဆိုသောစကားလုံးသည် အဓိပ္ပါများစွာရှိလေသည်။ မိမိတို့၏စွမ်းရည်များကို အကောင်းဆုံးတိုးတက်အောင်ကြိုးစားသော်ငြားလည်း ဂိုဏ်းတစ်ခုကိုလူများစွာတို့သည်မဝင်နိုင်ကြပေ။

သူ၏ယဲ့အိမ်တော်အကြီးကဲဟူသောရာထူးအဆင့်အပြင် လင်မြို့တွင်အကြီးကဲ၏ဂုဏ်သတင်းကျော်ကြားနေခြင်းအကြောင်းအရင်းမှာ သူ၏မြေးယဲ့ရို့ဂိုဏ်းတစ်ခုထဲသို့ ဝင်ခွင့်ရသွားသောကြောင့်ဆို ပို၍မှန်မည်ဖြစ်လေသည်။

မုစု၏ဂုဏ်အဆင့်အတန်းအရ သူ့တွင်ဂိုဏ်ဝင်ခွင့်စစ်ဆေးခြင်းကို ပါဝင်နိုင်ရန်မိတ်ဆက်စာရေးပေးနိုင်သောအစွမ်းအစရှိလေသည်။သို့သော်လည်းမည်သူမျှမုစုအား ထိုကဲ့သို့တောင်းဆိုမှုကိုမတောင်းဆိုရဲသော်လဲ ယဲ့ကျင်ထန်တကယ်ပဲမေးလိုက်လေသည်။

လူတိုင်းသည်ယဲ့ကျင့်ထန်ရူးသွားပြီလားဟုတွေးလိုက်ကြလေသည်။ဘယ်လိုလုပ်မုစုသဘောတူမည်နည်း!

ယဲ့ကျင့်ထန်သည် သူမအနေနှင့်တောင်းဆိုလျှင်မုစုသည် သူမ၏တောင်းဆိုမှုကို သဘောတူလိုက်လျောမည်မဟုတ်ကြောင်းသိသည်၊ ထို့ကြောင့်အစကတည်းက သူမဆေ့အိမ်တော်ကို သွားခဲ့ခြင်းဖြစ်လေသည်။

ဆေ့အိမ်တော်နှင့်မုစုတို့သည် ထူးခြားသောဆက်ဆံရေးမျိုးရှိလေသည်။ ထို့အပြင်မုစုသည် ဆေ့အိမ်တော်အကြီးကဲအားမျက်နှာသာပေးသည်။ သူမအရင်ဘဝ၌ဆေ့အိမ်တော်မှ သခင်လေးသုံးယောက်လုံးသည် မုစု၏အကူအညီဖြင့်ဂိုဏ်းထဲသို့ဝင်ခွင့်ရခဲ့ကြလေသည်။

သို့သော်လည်းယဲ့ကျင့်ထန်၏ ရုတ်တရက်တောင်းဆိုမှုကိုမုစုသဘောတူမည်ကို ယုံသောသူတစ်ယောက်မှမရှိပေ။

နဂိုကထဲကစိတ်မပျော်ရွှင်နေသော အကြီးကဲ၏မျက်နှာသည်မှောင်မဲနေရာမှ ယဲ့ကျင့်ထန်တောင်းဆိုမှုကိုကြားလိုက်သောအခါ ချက်ချင်းတောက်ပသွားလေသည်။

ဒီလိုယုတ်တိမရှိတဲ့တောင်းဆိုမှုမျိုးကို တောင်းဆိုရအောင်ယဲ့ကျင့်ထန်ကသူမကိုယ်သူ ဘာထင်လို့တုန်း?မုစုသည်အလွန်အဆင့်မြင့်သော လူပုဂ္ဂိုလ်ဖြစ်သည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now