Ep -9

3.7K 439 0
                                    

အခန်း ၉. ​ပြောင်းလဲခြင်း (၂)
.......

အရင်​ဘ၀တုန်းက, ဒ၀မ်​ထျန်း​ယောင်​ ​စေ့စပ်​​ကြောင်းလမ်း ခြင်း ဖျက်​သိမ်းပြီး မကြာမီ, သူသည်​ ယဲ့ရွှန်း အား မကြာမီ လက်​ထပ်​​ပေါင်းသင်းယူမည့်​သတင်းအား လင်​မြို့ရှိ အိမ်​​တော်​ကြီးများ ​ကောင်းချီး မင်္ဂလာ ခံယူမည့်​​​ကောင်းကင်​ကန်​​တော့ပွဲ ​နေ့တွင်​ ​​ကြေငြာခဲ့သည်​။

လင်​မြို့ရှိလူအားလုံး ​စေ့စပ်​​ကြောင်းလမ်းခြင်း ဖျက်​သိမ်း သည့်​အ​ကြောင်း ​​ပြော​နေကြည့်​သည့်​အချိန်​တွင်​ ယဲ့ကျင့်​ထန်​ရှိ​နေခဲ့သည်​။ ယဲ့ကျင့်​ထန်​မှာ ဖိအားများစွာကြုံ​တွေ့ခဲ့ရပြီး ဒ၀မ်​ထျန်း​ယောင်​ ၏ စိတ်​ကို​ပြောင်းလဲ​အောင်​ သူမကြိုးစားခဲ့သည်​။ ဒါ​ပေမယ့်​ သူမသည်​ ဒ၀မ်​ထျန်း​ယောင်​နှင့်​ ယဲ့ရွှန်း တို့ရဲ့ 'သတင်း​ကောင်း' ကို ကိုယ်​တိုင်​သိမြင်​ခဲ့ရသည်​။ ထို့​နောက်​ သူမမှာ သူတစ်​ပါး အပုပ်​ချ စရာတစ်​ခုဖြစ်​ခဲ့ရသည်​။

ယဲ့ရွှန်း မှာ လွန်​စွာ လိမ္မာပါးနပ်​သည်​။ ယဲ့ကျင့်​ထန်၏ အရင်​ဘ၀တွင်​ ယဲ့ရွှန်း မှာ ဒ၀မ်​အိမ်​​တော်​ ၏ သခင်​မဖြစ်​လာပြီး ယဲ့အကြီးကဲ ဘက်​​တော်​သားတစ်​​ယောက်​ဖြစ်​လာသည်​။ သူမ၍ ဥာဏ်​ထက်​မြက်​ ခြင်းကိုအသုံးချပြီး အနာဂတ်​မှာ ယဲ့ရို့၏ ညာလက်​ရုံးဖြစ်​လာ​ပေမည်​။

ယဲ့လင်းကို နာတာရှည်​​ရောဂါဆွဲ​အောင်​ အဆိပ်​ခတ်​​သောသူမှာလည်း ယဲ့ရွှန်း ပင်​ဖြစ်​မည်​ဟု ယဲ့ကျင့်​ထန်​ သံသယ၀င်​ခဲ့သည်​။

အဘယ်​​ကြောင့်​ဆို​သော်​ ယဲ့ရွှန်း မှာ လွန်​စွာ ပိရိ​သေသပ်​စွာ ဖုံးကွယ်​ထားနိုင်​ခဲ့သည်​။ ယဲ့ရွှန်း နှင့်​ ဒ၀မ်​ထျန်း​ယောင်​ တို့ကြား ဆက်​ဆံ​ရေးကိုသိသည့်​အချိန်​ မတိုင်​ခင်​အထိ သူမသည်​သူတို့နှစ်​ဦးကိုသံသယ မ၀င်​ခဲ့​ပေ။

သူမ၏ဖခင်ဖြစ်သူ​​ယဲ့လင်းမှာလဲ ယဲ့ရို့အား သမီးအရင်း​လေးတစ်​​ယောက်​လို သ​ဘောထားကာ အမြဲတမ်းပြုစု​စောင့်​​ရှောက်​ခဲ့သည်​။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now