Ep-51

2.3K 245 4
                                    

Unicode

ကဲအပိုင်း၅၀ကျော်လာပြီနော်
💛💛💛💛💛💛

အခန်း ၅၁. လုပ်ကြံသတ်ဖြတ်ခြင်း
....

"အကြီးကဲကအစွမ်းအစတွေ ကျန်နေသေးပြီး ထွက်ပြေးလွှတ်မြောက်သွားပေမယ့် စိတ်မပူပါနဲ့သခင်မလေး။ ကျုပ်တို့ဒီညဒီမှာစောင့်နေပါ့မယ်။ အကြီးကဲပြန်ရောက်လာပြီဆိုတာနဲ့ သူ့ကိုရအောင်အသက်နုတ်ယူပါ့မယ်"ဟုအဖွဲ့ခေါင်းဆောင်ပြောလေသည်။

သို့သော်လည်း ခြံဝင်းထဲရှိဆိုးရွှားသော အခြေအနေကိုကြည့်ရင်း ယဲ့ကျင့်ထန်သည်ခေါင်းခါရင်း

"ရှင်တို့အားလုံးကျမဒေါသပြေအောင် ကူညီပေးပြီးပြီပဲ။ ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်"ဟုပြောကာ ကျန်သော ရွှေနှစ်သောင်းကိုအနက်ရောင်ဝတ်ထားသော လူလေးယောက်အားပေးလေသည်။

"အချိန်လည်းလင့်နေပြီဆိုတော့ ရှင်တို့အားလုံးပြန်နိုင်ပြီ ယကျမ၊ ယဲ့ကျင့်ထန်က ကျင့်လောင်ဆိုင်ရဲ့ဒီကျေးဇူးကိုမမေ့ပါဘူး။ အကြီးကဲနဲ့ပက်သက်တာကတော့ ကျမပဲဆက်ရှင်းလိုက်ပါ့မယ်"

ထိုလူလေးယောက်ကိုအသုံးချပြီး အကြီးကဲကိုရှင်းပြစ်နိုင်လျှင်အကောင်းဆုံးဖြစ်သည်။ သို့သော်လည်း အကယ်၍ထိုအရာသည်မအောင်မြင်ခဲ့လျှင် ထိုလူလေးယောက်ကိုဆက်၍ယဲ့အိမ်တော်ထဲတွင်သူမဆက်လက်ထားရှိပါကအကြီးကဲသည် ထိုအရာကိုအခွင့်ကောင်းယူကာ ကြေးစားလူသတ်သမားများငှါးခြင်းကိုသူမအပေါ်ပုံချလျှင် အခြေအနေမှာသိပ်မတန်ပေ။

ထို့အပြင် ထိုလူလေးယောက်ရှိနေသေးပါက ယဲ့အိမ်တော်သို့အကြီးကဲပြန်လာဖို့လွှယ်ကူမည်မဟုတ်ပေ။

ထိုလူလေးယောက်အိမ်တော်တွင်ရှိနေလေလေ ပြဿနာများပိုများလာလေလေ ဖြစ်လေသည်။

ရွှေများနှင့်ယဲ့ကျင့်ထန်ပြောသော စကားအားနားထောင်ပြီးသွားသောအခါ ထိုလူလေးယောက်သည် ဆက်နေရန်အကြောင်းအရင်းမရှိတော့သပေ။ သူတို့သည်ယဲ့ကျင့်ထန်အားကျေးဇူးတင်ပြီး ချက်ချင်းထွက်ခွာသွားကြလေသည်။

ကျင့်လောင်ဆိုင်မှလူလေးယောက်ပြန်သွားသည်နှင့် ယဲ့ကျင့်ထန်၏မျက်လုံးများသည် ခြံဝင်းထဲပြည့်နေသော လူသေအလောင်းများအားအေးစက်စွာကြည့်လေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang