Ch-92

1.2K 135 0
                                    

Unicode
...

အခန်း ၉၂.ရှန်းလင်ဂိုဏ်း (၁)
...

ကောင်းကင်လမ်းကိုလျောက်ဖို့ဆို ဂိုဏ်းထဲဝင်ရန်လိုသည်။

အကယ်၍သူမအတုမရှိအဆင့်သို့ရောက်အောင် အတွင်းအားလေ့ကျင့်ချင်ပါက သူမသည်မြင့်မြတ်သည့် ဂိုဏ်းတစ်ခုခုအားမှီခိုရမည်ဖြစ်လေသည်။

ခရီးလမ်းမှာလတစ်ဝက်နီးပါးကြာလေသည်။ မြင်းလှည်းအတွင်းမှနေ၍ ယဲ့ကျင့်ထန် ရင်းနီးနေသောမြင်ကွင်းရှု့ခင်းများတဖြေးဖြေးပေါ်လာသောကြောင့် သူမစိတ်ထဲတွင်ထူးဆန်းသောခံစားချက်ဖြစ်ပေါ်လာလေသည်။ မျက်လုံးလေးကိုမော့ကြည့်လိုက်ရာသိပ်မဝေးတော့သောနေရာတွင် ရှိနေသောမြင့်မားသည့်တောင်ကြီးအားမြင်လိုက်ရလေသည်။

ထိုတောင်မှာမတ်စောက်ပြီး တောင်ထိပ်သည်တိမ်ခိုးတိမ်ငွေ့များဖြင့်ဖုံးအုပ်နေလေသည်။ သို့သော်ထိုနေရာသည်..... ရှန်းလင်ဂိုဏ်းတည်ရှိရာနေရာဖြစ်ကြောင်း ယဲ့ကျင့်ထန်သေချာစွာသိနေလေသည်။

မြူများအထက်တွင်ရှန်းလင်ဂိုဏ်းသည် တိမ်တိုက်များကြားတွင်ရှိနေလေသည်။

"ရှန်းလင်ဂိုဏ်း...." တောင်ထိပ်ရှိမြူခိုးများကိုသူမကြည့်နေရင်းလအရင်ဘဝကမြင်ကွင်းများသည် ယဲ့ကျင့်ထန်မျက်လုံးထဲတွင်ပေါ်လာလေသည်။

[ယဲ့ကျင့်ထန် မင်းရဲ့ရင်ဘတ်ထဲမှာနတ်ဆိုးအတွင်းအားအမြစ်ရှိနေတာပဲ။ ရှန်းလင်ဂိုဏ်းကမင်းကို လက်ခံမထားနိုင်တော့ဘူး]

သူမအရင်ဘဝတွင်ယဲ့ကျင့်ထန်တွင် အတွင်းအားအမြစ်မကာအချိန်များစွာရှာပြီးသည့်နောက်မှ အတွင်းအားအမြစ်အတုပြုလုပ်သည့်နည်းလမ်းကိုရှာတွေ့ခဲ့လေသည်။ သူမသည်ထိုနည်းလမ်းကိုအသုံးပြုကာ ရှန်းလင်ဂိုဏ်းသို့ဝင်ခဲ့လေသည်။ သို့သော်လည်း.....အဲ့အချိန်တုန်းကသူမသည်ရှန်းလင်းဂိုဏ်းကိုသူမခြေစလှမ်းပြီး ဝင်လိုက်သည့်အရာကသူမဘဝအတွက်အပြောင်းလဲကြီးပြောင်းလဲသွားလိမ့်မည်ဟု ထင်ထားခဲ့မည်မဟုတ်ပေ။

ကောင်းသောပြောင်လဲခြင်းမဟုတ်ပဲ ကံဆိုးမိုးမှောင်ကျခြင်းဖြစ်လေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now