Ch-99

1.1K 132 0
                                    

Unicode
...
အခန်း ၉၉. ဂိုဏ်းဝင်ခွင့်စစ်ဆေးခြင်း
....

သို့သော်လည်းယွင့်ရှုမှာ အရင်ကတည်းကဒီစိတ်ဓာတ်မျိုးရှိနေလေသည်။ ဒီအချက်ကြောင့်ပင် ဘာကျောထောက်နောက်ခံမှမရှိသောသူမအား အရင်ဘဝတွင်ယွင့်ရှုသည်ဂရုစိုက်ကူညီခဲ့ခြင်းဖြစ်လေသည်။

ယဲ့ကျင့်ထန်သည်သူမ၏ အရင်ဘဝအကြောင်းစဉ်းစားမိသောကြောင့် မပြုံးပဲမနေနိုင်တော့ပေ။ သို့သော်သူမယခင်ဘဝကယွင့်ရှု၏ကံကြမ္မာအကြောင်းကိုတွေးမိသောအခါတွင်တော့ ယဲ့ကျင့်ထန်၏မျက်လုံးများမှာခက်ထန်မာကျောသွားလေသည်။

သူမအားဆရာတူအကိုကြီးယွင့်မှ အရင်ဘဝတွင်တစ်ကြိမ်အသက်ကယ်တင်ခဲ့ဖူးလေသည်။ ဒီတစ်ခါတော့သူ့ရဲ့ဘဝတစ်လျှောက်လုံးဘာကိုမှစိတ်မပူရစေရန် သူမစောင့်ရှောက်မည်ဖြစ်လေသည်။

ယွင့်ရှုသည်ယဲ့ကျင့်ထန်ဘာကိုစဉ်းစားနေသလဲဆိုတာကိုမသိပေ။ သူသည်သူမအားစိတ်ရင်းဖြင့် ကျေးဇူးတင်နေလေသည်။

သို့ပေမယ့်ဒေါသပုန်ထနေသောမျက်လုံးတစ်စုံသည် ယဲ့ကျင့်ထန်နှင့်ယွင့်ရှုကိုကြည့်နေလေသည်။

လုစုဝေစိုက်ကြည့်နေမိလေသည်။ သူ့တွင်ကျောထောက်နောက်ခံကောင်းကောင်းရှိလေသည်။ ဒီဂိုဏ်းဝင်ခွင့်စာမေးပွဲတွင် သူ့၏တစ်ဦးတည်းသောပြိုင်ဘက်မှာရိုယွင့်အိမ်တော်မှယွင့်ရှုသာဖြစ်လေသည်။ သို့သော်သူသည်ယွင့်ရှုကယဲ့ကျင့်ထန်အား ပြေပြေလည်လည်ဆက်ဆံနေလိမ့်မည်ဟုမထင်ထားခဲ့ပေ။

ကောင်းကင်တက်လမ်းကိုတက်ပြီးသွားသောသူများသည် နောက်စစ်ဆေးမှုတစ်ခုအားစောင့်နေကြလေသည်။ သူတို့၏လှုပ်ရှားမှုတစ်ခုစီတိုင်းအားဂိုဏ်းခွဲအကြီးကဲများမှ ဂိတ်တံခါးရှိတောက်ပြောင်နေသောပုလဲလုံးလေးမှတဆင့်ကြည့်နေကြလိမ့်မည်ဟုသတိမထားမိကြပေ။

"ဒီနစ်စာမေးပွဲလာဖြေတဲ့သူတွေကိုဘယ်လိုသဘောရလဲ? သင့်တော်ထက်မြတ်တဲ့သူတွေ့မိလား?" ဟုလရောင်ရေပြင်မှန်ချပ်ကနေ လေ့လာနေသောအကြီးကဲတစ်ယောက်မှ အခြားသောဂိုဏ်းခွဲအကြီးကဲများကိုမေးလေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now