Ch-102

1.6K 154 10
                                    

Unicode
...
အခန်း ၁၀၂
......

လူတိုင်းသည်ယဲ့ကျင့်ထန်အားလှောင်ပြောင်နေကြကာ တချို့ကလည်း သက်ပြင်းချနေကြချိန်တွင် သူမသည်တည်တည်ငြိမ်ငြိမ်ပဲရှိနေလေသည်။ အတွင်းအားကျောက်ကိုကြည့်နေရင်း သူမ၏မျက်လုံးများသည်လွယ်လွယ် ရှာမတွေ့နိုင်သောအပြုံးထဲတွင်နစ်မျောနေလေသည်။

သူမအတွင်းအားအမြစ် အဆင့်တက်သွားတယ်!

အစတွင်သူမ၏အတွင်းအားအမြစ်သည် အနီရောင်စစ်စစ်သာရှိလေသည်။ သို့သော်လည်းဖုထျာကျောက်များနှင့် တစ်လကြာမျှအားဖြည့်ပြီးသောအခါသူမ၏အတွင်းအားအမြစ်သည် လိမ္မော်ရောင်သို့ပြောင်းလဲခါနီးနေပြီဖြစ်လေသည်။

လူတိုင်လျစ်လျူရှုထားသော ထိုလိမ္မော်ရောင်မှိန်မှိန်လေးသည် ယဲ့ကျင့်ထန်အားမျှော်လင့်ချက်များပေးနေလေသည်။

သူမအများဆုံးတစ်လကြာမျှ လိမ္မော်ရောင်အဆင့်ရောက်အောင် အားဖြည့်ရပေမည်။ ထို့နောက်တွင်အဝါရောင်အဆင့်သို့ ရောက်နိုင်မည်ဖြစ်ပြီ.....တစ်ချက်ကလေးပေါ်လာသော အပြာရောင်အတွင်းအားအမြစ်ပင် မရောက်နိုင်ဘူးဆိုတာမဖြစ်နိုင်တော့ပေ။

သို့သော်လည်းသူမအတွင်းအားအမြစ်သည် အဆင့်ပိုမြင့်လာရန်ပို၍အင်အားပြည့်စေသည့်ဖြည့်စွက်ပစ္စည်းများ လိုအပ်လေသည်။ လိုအပ်ချက်များမှာ တဖြေးဖြေးအဆင့်မြင့်လာလေလေ နစ်ဆတိုးလာလေလေဖြစ်ပေမည်။ အကယ်၍ယဲ့ကျင့်ထန်တကယ်ပဲ အပြာရောင်အတွင်းအားအမြစ်ကိုရအောင် အင်အားဖြည့်ရမည်ဆိုပါက အများကြီးသူမပြင်ဆင်ရအုံးမည်ဖြစ်သောကြောင့်သူမအလျှင်မလိုပေ။

လှောင်ပြောင်ခနဲ့သောအကြည့်များအောက်တွင် ယဲ့ကျင့်ထန်သည်သူမလက်ကိုချလိုက်ပြီး အနောက်သို့ဆုတ်လိုက်လေသည်။

လူလတ်ပိုင်းလူကြီးသည် ယဲ့ကျင်ထန်အားနားမလည်နိုင်စွာဖြင့်ကြည့်လေသည်။ ခေတ္တခဏတိတ်ဆိတ်နေပြီးနောက် ယဲ့ကျင့်ထန်၏အတွင်းအားအမြစ်အဆင့်ကိုစာအုပ်ထဲတွင်မှတ်ထားခိုင်းလိုက်လေသည်။

သူအစကဒီမိန်းကလေးသည် တက်လမ်းအများကြီးရှိမည်ဟုထင်ထားခဲ့သော်လည်း သူမရဲ့အတွင်းအားအမြစ်က အခုလိုမျိုးအရည်အသွေးနိမ့်ထဲမှဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Hikayelerin yaşadığı yer. Şimdi keşfedin