Ep-57

2.2K 253 14
                                    

Unicode

အခန်း ၅၇. တိုက်ခိုက်ခြင်း (၃)
....

ထိုခဏတွင်းတွင် ထိုအင်အားပြင်းသည့်လက်ဝါးချက်ကြောင့်  ဒုတိယအကြီးအကဲသွေးအန်သွားရလေသည်။ မောဟိုက်စွာဖြင့်သူသည် ဒဝမ်အိမ်တော်မှအကြီးကဲများ၏ မြေကြီးပေါ်သိုဖိ၍ချုပ်ထားခြင်းကိုခံလိုက်ရလေသည်။

"ဒုတိယအကြီးကဲ ခင်ဗျားရက်စက်တဲ့လုပ်ရပ်ကို ကျူးလွှန်ခဲ့တယ်။ ယဲ့အိမ်တော်ရဲ့စဉ်းကမ်းအရ ခင်ဗျားကိုကွပ်မြက်ရမယ်။" ဟုအကြီးကဲသည်ဒုတိယအကြီးကဲရှေ့သိုလျှောက်သွားပြီး အေးစက်စူးရှသောအကြည့်များဖြင့် ငုံ့၍ကြည့်လေသည်။

"အကြီးကဲခင်ဗျားကသာညအာဏာကိုလုယူချင်နေတာ! ခင်ဗျားအိမ်တော်သခင်နဲ့ယဲ့အိမ်တော်အကြီးကဲကို လုပ်ကြံတဲ့အတွက်ခင်ဗျားအပြစ်ပေးခံရလိမ့်မယ်! ယဲ့အိမ်တော်ရဲ့ဘိုးဘေးတွေကခင်ဗျားကို ခွင့်လွှတ်မယ်ထင်နေလား!"

ထိုအချိန်တွင်တော့ ဒုတိယအကြီးကဲသည်ဖြစ်သမျှ ကိစ္စအားလုံးသည်အကြီးကဲ၏ကြံစဉ်ထားသောအရာများဖြစ်သည်ကို သိကာပြောလေသည်။

အချိန်အနည်းငယ်လောက်တုန်းက သူသည်အကြီးကဲတွင်ယုတ်မာကောက်ကျစ်သောအကြံရှိမည်ဟု သူရိမ်မိခဲ့ပြီးဖြစ်လေသည်။ သို့သော်လည်းသူ့တွင်ခိုင်လုံးသောသက်သေမရှိသေးသည့်အတွက် အကြီးကဲအားမဖော်ထုတ်နိုင်ခဲ့ပေ။

သို့ပေမယ့်မထင်မှတ်ထားပဲ အကြီးကဲသည်အခွင့်အရေးကိုရှာတွေ့သွားလေသည်။

သူနောက်ကျမှသိလိုက်ရခြင်းကိုသာ သူမုန်းတီးရလေတော့သည်!

"စိတ်မပူပါနဲ့ဒုတိယအကြီးကဲ။ ယဲ့အိမ်တော်ဘာပဲဖြစ်ဖြစ် ခင်ဗျားနဲ့အခုအချိန်ကစပြီးတော့ လုံးဝမဆိုင်တော့ဘူး။

ယဲ့အိမ်တော်ရဲ့အပြစ်သားဖြစ်တဲ့အတွက် ခင်ဗျားလိမ်လိမ်မာမာနဲ့ငရဲကိုသွားပြီး ယဲ့အိမ်တော်ဘိုးဘွားတွေရဲ့ခွင့်လွှတ်မှုကိုသွားတောင်းခံလိုက်တော့!"

အကြီးကဲ၏မျက်လုံးထဲတွင်အေးစက်သောအမုန်းများသည် ဖြတ်ကနဲးပေါ်လာလေသည်။ သူသည်သူ၏လက်ထဲမှဓားကိုချက်ချင်းမြှောက်လိုက်ပြီး ဒုတိယအကြီးကဲ၏နဖူးတည့်တည့်သို့ထိုးအားဖြင့် ထိုးချလိုက်လေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now