Ep-61

2.2K 208 1
                                    

Unicode

အခန်း ၆၁. မုန်တိုင်းမထန်ခင်လေငြိမ်ခြင်း (၁)
.......

"အခုနတုန်းကဘာလို့ဒဝမ်အိမ်တော်က ကောင်လေးနဲ့ယဲ့ရွှန်းဘာလို့အရမ်းပလူးနေကြလည်းဆိုတာကို ငါစဉ်းစားနေတာ။ အဲ့တာဒါကြောင့်ကိုး...

တွေးကြည့်ရင်ငါနဲ့မင်းအဖေ အလုပ်ရုပ်ခံပြီးသူလက်ထဲသမီးကို အပ်မိခဲ့တာတခြားမိန်းမတစ်ယောက်ဖက်လှည့်သွားတယ် ဆိုတော့သူကသစ္စာမရှိပဲ ဖောက်ပြန်တတ်တဲ့နှလုံးသားရှိတဲ့သူပဲ" ဟုအကြီးကဲသည်ကြမ်းကြမ်းတမ်းတမ်းပြောသော်လည်း ယဲ့ကျင့်ထန်အားကြည့်လိုက်သောအခါ သူ၏လေသံမှာလျော့ပါးသွားလေသည်။

"ထန်ထန်အများကြီးမစိုးရိမ်ပါနဲ့။ သမီးအတွင်းအားအမြစ်မရှိတော့ဘာဖြစ်လည်း? သမီးရဲ့ဒုတိယဦးလေးက အခုကစပြီးရှိပေးမှာ။ သမီးကိုဘယ်သူအနိုင်ကျင့်ရဲသလဲကြည့်ကြတာပေါ့!"ဟု ယဲ့လင်းပြောလေသည်။

ယဲ့ကျင့်ထန်၏နှလုံးသားထဲတွင် နွေးထွေးမှုများပြည့်နက်သွားလေသည်။ ဒုတိယအကြီးကဲနှင့်ယဲ့လင်းတို့နှစ်ယောက်လုံးရှိနေပြီဆိုသောကြောင့် သူမဘာကိုကြောက်ရန် လိုအပ်သေးသနည်း?

"အိမ်တော်အရှင်, ကျုပ်အထင်ပြောရရင်အကြီးကဲရဲ့ အကြံအစည်တွေကဒီလောက် မရိုးရှင်းလောက်ဘူး။ သူကစကတည်းကရည်မှန်းချက်ကြီးပြီးအခု သူ့ရဲ့မြေးယဲ့ရွှန်းကယွင်ရှောင်းဂိုဏ်းကိုရောက်သွားပြီဆိုတော့ ဒီလောက်နဲ့ပဲသူကျေနပ်နိုင်မယ်မထင်ဘူး။

သင်အခုအချိန်ကစပြီးသတိနဲ့နေရမယ်။ ကျုပ်အိမ်တော်ကိုပြန်ရောက်ပြီဆိုတာနဲ့ကျုပ်သူ့ကို သေချာစောင့်ကြည့်နေမယ်။ ယဲ့အိမ်တော်ထဲမှာသူဘာတွေထပ်မွှေမလဲဆိုတာ ကျုပ်ကြည့်ချင်သေးတယ်"ဟုဒုတိယအကြီးကဲသည် အေးစက်စွာပြောလေသည်။

အကြီးကဲဒီနေ့စီစဉ်ထားတဲ့အကွက်ကြောင့် ဒုတိယအကြီးကဲသည်သူ့အားအကြီးကဲမှ အခွင့်အရေးရတုန်းရှင်းပြစ်ရန်ကြိုးစားသည်ကိုကောင်းကောင်းကြီးနားလည်သွားလေသည်။

"အခုတော့သင်ပြန်ရောက်လာပြီဆိုတော့ ကျုပ်စိတ်အေးရပါပြီး။ သင့်ရဲ့ဒါဏ်ရာတွေကကော...."ဟုယဲ့လင်းစိုးရိမ်စွာပြောလေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now