Ch-100

1.5K 155 9
                                    

Unicode
...
အခန်း ၁၀၀.

ပထမဆုံးအဆင်ဂိုဏ်းဝင်ခွင့်စစ်ဆေးခြင်းမှာ စာမေးပွဲလာဖြေသူများ၏အတွင်းအားအမြစ်ကို စစ်ဆေးခြင်းဖြစ်ပေသည်။

အနီရောင်သည်အနိပ်ဆုံးအဆင့်ဖြစ်ကာ လိမ္မော်ရောင်နှင့်အဝါရောင်တို့မှာအလယ်အလတ်အဆင့်ရှိပြီး အစိမ်းရောင်သည်အဆင့်အမြင့်ဆုံးထဲတွင်ပါလေသည်။ အကယ်၍အပြာရောင်အနည်းငယ်လောက်သာပါရှိသော အစိမ်းရောင်အတွင်းအားအမြစ်မျိုးရှိပါက အပြင်ဂိုဏ်းကိုကျော်ပြီးအတွင်းဂိုဏ်းတပည့်တန်းဖြစ်၍ရလေသည်။

အပြာရောင်နှင့်ခရမ်းရောင်းအမြစ်များကို မူနစ်ပေါင်းတစ်ထောင်ကျော်အတွင်းမည်သူမှမတွေ့ဖူးပေ။ ဘယ်ဂိုဏ်းကမှထိုအဆင့်များကို မမျှော်မှန်းထားပေ။

ရှန်းလင်းဂိုဏ်းတွင်အတွင်းအား အမြစ်စစ်ဆေးခြင်းမှာ သာမှန်ထက်ထူးခြားလေသည်။ စာမေးပွဲဖြေမည့်သူများသည် မိမိတို့၏အတွင်းအားအမြစ်ကိုထုတ်ပြရန်မလိုပေ။ အဲ့ဒီ့အစားလူတရပ်စာရှိသည့်အတွင်းအားကျောက်ပြားအပေါ်ကိုလက်တင်၍ အတွင်းအားအမြစ်ကိုအသုံးပြုကာစွမ်းအားကိုထည့်ရလေသည်။ ထိုကျောက်သည်သူတို့အတွင်းအားအမြစ်အဆင့်၏ အရောင်ကိုလိုက်၍ပြောင်းလေသည်။

စစ်ဆေးခံမည့်သူများသည် ကောင်းကင်တက်လမ်းကိုတက်ပြီး သူများ၏နောက်ဆုံးတစ်ယောက်မှနေ၍ အစဉ်လိုက်စစစ်ဆေးလေသည်။

ပထမဆုံးစစ်ဆေးခံမည့်သူသည် အရှေ့သို့ထွက်လာပြီးသူ၏လက်အားအတွင်းအား ကျောက်အပေါ်သို့တင်လိုက်လေသည်။ မကြာမီအရောင်အသွေးမရှိသောထိုကျောက်မှာ အဝါရောင်သို့ပြောင်းလဲသွားလေသည်။

"အဝါရောင်အဆင့်၊ နောက်တစ်ယောက်"ဟု ဂိုဏ်းဝင်ခွင့်စစ်ဆေးသည့်လူလတ်ပိုင်းလူကြီးမှနေ၍လှမ်းပြောလေသည်။

ထိုလူငယ်သည်ကျေနပ်သွားလေသည်။ သူ့ရဲ့အတွင်းအားအမြစ်က အစိမ်းရောင်အတွင်းအားအမြစ်ထက်နိမ့်သော်လည်း အနည်းဆုံးတော့ဂိုဏ်းထဲကိုဝင်ဖို့အရည်အချင်းပြည့်မှီလေသည်။

ထို့နောက်ဝင်ရောက်ဖြေဆိုသူများသည် အဝါရောင်သို့မဟုတ်လိမ္မော်ရောင်အတွင်းအားအမြစ်များဖြစ်ကြလေသည်။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)حيث تعيش القصص. اكتشف الآن