Ep-11

3.6K 298 5
                                    

အခန်း ၁၀. ​ပြောင်းလဲခြင်း (၃)
........

ဒုတိယအကြီးကဲမှာ ယဲ့အိမ်​​တော်​၏ စွမ်းအားအကြီးဆုံးသူဖြစ်​သည်​။ သူရှိ​နေသည့်​အချိန်​အတွင်း အကြီးကဲသည်​ ယဲ့လင်းနှင့်​ ယဲ့ကျင့်​ထန်​အား သတ်​ရဲမည်​မဟုတ်​​ပေ။

ယဲ့ကျင့်​ထန်​အရင်​ဘ၀တုန်းက အကြီးကဲသည်​ ယဲ့လင်းအား လုပ်​ကြံပြီး ဒုတိယ အကြီးကဲအ​ပေါ်အပြစ်​ပုံချခဲ့​သော​ကြောင့်​ ဒုတိယအကြီးကဲကိုပါ ရှင်းပစ်​နိုင်​ခဲ့သည်​။

ထို့​နှောက်​ယဲ့ကျင့်​ထန်​သည်​သူ့မအား ကူညီ​ဖေးမ​ပေး​သော သူနှစ်​​ယောက်​လုံးအား ဆုံးရှုံးခဲ့ရသည်​။ သူမ​သာ အလျှင်​အမြန်​ထွက်​မ​ပြေးခဲ့လျှင်​ လင်​မြို့တွင်​ပင်​ သူမကိုအကြီးကဲသတ်​ပစ်​ခြင်းကို ခံခဲ့ရမည်​ဖြစ်​သည်​။

သူမ အရင်​ဘ၀က ခံစားခဲ့ရ​သော ဒုက္ခများမှာ အကြီးကဲ ပြန်​​ရောက်​လာသည်​နှင့်​ စတင်​ခဲ့ခြင်းဖြစ်​သည်​။ ဒီတစ်​ခါ​တော့ ထိုအရာများ ​နောက်​တစ်​​ခေါက်​​ထပ်​ဖြစ်​မည်​ကို သူမ ခွင့်​မပြု​တော့​ပေ။

သူမ၏ ဖခင်​​သော်​လည်း​ကောင်း၊ ဒုတိယ ဦး​လေးကို​သော်​လည်း​ကောင်း သူမကာကွယ်​​ပေးရမည်​!!

သူမအရင်​ဘ၀က ခံစားခဲ့ရ​သော ရန်​ငြိုးအား အဆတစ်​ရာ အကြီးအကဲအား ပြန်​​ပေးမည်​။

ယဲ့ကျင့်​ထန်​၏ နှလုံးသားမှာ ထိုအချိန်​တွင်​  လွန်​စွာ ​လေးလံ​နေသည်​။

"အ​ဖေ, တစ်​​ယောက်​​လောက်​ကို သမီးအတွက်​ ​ဆေးဖက်​၀င်​​တဲ့ အရွက်​​တွေ သွားဝယ်​ခိုင်း​ပေးပါလား?" ဟု ရုတ်​တရက်​ ယဲ့ကျင့်​ထန်​​မေးလိုက်​သည်​။

"ဒါ​ပေါ့သမီးရဲ့၊ သမီးဘာလိုချင်​လည်း? ချ​ရေးထားလိုက်​။ အ​ဖေ ပြီး​တော့ တစ်​​ယောက်​​ယောက်​ ကိုသွားဝယ်​ခိုင်းလိုက်​မယ်​" ဟု ယဲ့လင်း​ပြောသည်​။

သူ့သမီးအား ဒ၀မ်းထျန်​​ယောင်​နှင့်​ ပက်​သက်​ပြီး စိတ်​ညစ်​​နေမည်​ကိုစိုး၍ သူ့သမီးလိုအပ်​​သောအရာများကို ဖြည့်​ဆည်း​ပေး​လေသည်​။ယဲ့ကျင့်​ထန်​သည်​ ​ခေါင်းငြိမ့်​လိုက်​ပြီး အမျိုးအမယ်​များလှ​သော ​ဆေးဖက်​၀င်​အပင်​စာရင်းအား​ရေးပြီး ယဲ့လင့်​အား​ပေးခဲ့သည်​။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now