Ep-15

3.4K 411 4
                                    

အခန်း ၁၅. ​ဆေ့အိမ်​​တော်​ (၄)
...........

ယဲ့ကျင့်​ထန်​မှာ ရုတ်​တရက်​ အံ့အားသင့်​သွားသည်​။ ​​သူမ မှတ်​မိခဲ့သည်​မှာ ​​ဆေ့ဘိုင်​၌ စွဲကပ်​​နေ​သောအဆိပ်​ နှင့်​ သူ၏ မိခင်​အား​သေ​စေခဲ့​သောအဆိပ်​မှာ ​ရေခဲအဆိပ်​ဖြစ်​ပြီး ထိုအဆိပ်​ကို ​ခေတ်​ခဲ့သည်​မှာ ယဲ့အိမ်​​တော်​ဖြစ်​သည်​ဟု ထင်​ခဲ့ကြသည်​။
'ဒါဆိုရင်​ ဘာလို့ သူမကို ​ဆေ့ဘိုင်​က ပြုံးပြ​နေပါလိမ့်​?'

တကယ်​တမ်း​တော့ ​ဆေ့အိမ်​​တော်​ရဲ့ ခန့်​မှန်းချက်​မှာ မမှား​ခဲ့​ပေ။

ဆေ့ဘိုင်​၏ အ​မေကို သတ်​ရန်​ အဆိပ်​​ခတ်​ခဲ့ခြင်းသည်​ ယဲ့အိမ်​​တော်​၏ လက်​ချက်​ဖြစ်​သည်​။ သို့​ပေမယ့်​ ထိုအရာမှာ ယဲ့လင်း လုပ်​ခဲ့ခြင်းမဟုတ်​​ပေ။ ဒီဖြစ်​ရပ်​တစ်​ခုလုံးကို ကြိုးကိုင်​ ခဲ့သူမှာ ယဲ့အိမ်​​တော်​၏ အ​ကြီးကဲပင်​ဖြစ်​သည်​။

သူမ၏ အရင်​ဘဝတွင်​ ထွက်​​ပြေးတိမ်း​ရှောင်​​နေရ​သော အချိန်​မှာ ယဲ့ကျင့်​ထန်​သည်​ ထိုအ​ကြောင်းအရာများကိုသိခဲ့ရခြင်းဖြစ်​သည်​။

အရင်​ဘဝ​ကော အခုဘဝ တွင်​ပါ၊ ​ထက်​မြက်​ပြီး ပါရမီရှိ​သည်​ဟု လူသိများ​ပြီး ​ချော​မောခန့်​ငြား​​သော မျက်​နှာမှာ ပုံမှန်​မဟုတ်​ပဲ ဖြူ​ဖျော့​နေသာ ​ဆေ့ဘိုင်​အား သူမသည်​ ပထမဆုံးအကြိမ်​ ​တွေ့ဖူးခြင်းဖြစ်​သည်​။

သူဆီမှ မျက်​နှလွဲလိုက်​ပြီး အလယ်​မှာ ထိုင်​​နေ​သော စည်းကမ်းကြီးသည့်​ပုံ​ပေါက်​သည့်​ အဖိုးကြီး ကို နှုတ်​ဆက်​စကား ​ပြော​လေသည်​။
"မင်္ဂလာပါ ​ဆေ့ဖိုးဖိုး"

ဆေ့အိမ်​​တော့ရဲ့ အကြီးကဲကြီးမှာ ​လှောင်​ပြုံးပြုံး​လေသည်​။ မည်​မျှပင်​ သူ၏​ရှေ့တွင်​ရှိ​နေ​သော ​ကောင်​မ​လေးသည်​ ထက်​မြက်​​သောပုံစံ​ပေါက်​​နေ​သော်​လည်း ယဲ့အိမ်​​တော်​​ပေါ်ထား​သော သူ၏ အမုန်းတရားမှာ ​ဖျောက်​ဖျက်​၍ မရနိုင်​​ပေ။

"ငါမင်းအဖိုးမဟုတ်​ဘူး! ငါ့ကို​မင်း​ခေါ်ချင်​သလိုမ​ခေါ်နဲ့. ​ပြောစမ်းပါအုံး ယဲ့ကျင့်​ထန်​. မင်းမှာ ငါ့​မြေးကိုကယ်​တင်​နိုင်​မယ့်​နည်းလမ်းရှိတယ်​ဆို ဟုတ်​လားဖ?"

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now