Ep-111

675 60 1
                                    

Unicode
...
အခန်း ၁၁၁
....

"ယဲ့ကျင့်ထန် မင်းဓားစက်စည်းကိုဝင်ဖို့အဆင်သင့်ဖြစ်ပြီလား? ဒီတစ်ခါတွင်တော့ထိုလူကြီးသည် စကားမချွေတာနေတော့ပေ။

ယဲ့ကျင့်ထန်အနည်းငယ် ခေါင်းငြိမ့်လိုက်လေသည်။ သူမသည်ဓားကိုဆုပ်ကိုင်လျှက် စင်မြင့်ပေါ်သို့တိတ်ဆိတ်စွာလျောက်သွားလေသည်။

အကြီးကဲလေးယောက်သည်ဂိုဏ်းထဲမှနေ၍ ယဲ့ကျင့်ထန်အားစိုက်ကြည့်နေကြလေသည်။ သူတို့၏အမူအရာများမှာမတူညီကြပေ။

လက်သီးဂိုဏ်းခွဲနှင့်ဆေးမြစ်ဂိုဏ်းခွဲတို့၏ အကြီးကဲများမှာပုံရိပ်မယ်မြေစည်းထဲတွင် ထူးချွန်စွာစွမ်းရည်ပြသနိုင်ခဲ့သော မိန်းကလေးငယ်လေးနှင့်ပက်သက်၍ဘာမှအထွေအထူးစိတ်ဝင်စားခြင်းမရှိပေ။ စည်းဂိုဏ်းခွဲ၏အကြီးကဲကျင့်သည်ယဲ့ကျင့်ထန်နှင့်ပက်သက်၍လစိတ်ဝင်စားမှုအနည်းငယ်ရှိလေသည်။

"အကြီးကဲကျင့် ဒီတစ်ခါသူမဘယ်လိုရလာဒ်မျိုး ရလောက်မယ်ဆိုသင်ဘယ်လိုထင်လဲ?" ဟုအကြီးကဲလင်ရုတ်တရက်မေးလေသည်။

အကြီးကဲကျင့်သည်အကြီးကဲလင်ကိုဖြတ်ကနဲကြည့်လိုက်ကာ "ဓားစက်သည်းကသင့်ရဲ့ဓားဂိုဏ်းခွဲက တည်ဆောက်ထားတဲ့ဟာပဲ။ ခင်များကကျုပ်ထပ်ပိုပြီးတော့သိမှာပေါ့"ဟုပြောလေသည်။

အကြီးကဲလင်သည်ရွဲ့ပြုံးပြုံးလိုက်ကာ မှန်ရှိရာသို့ကြည့်လိုက်လေသည်။

"ဓားစက်သည်းကဖြေဆိုသူတွေရဲ့ တိုက်ရည်ခိုက်ရည်ကိုစစ်ဆေးတာဖြစ်တယ်။ ကျုပ်တစ်ခါးမှအနီရောင်အတွင်းအားအမြစ်ရှိတဲ့ သူကဒီစင်ပေါ်ကိုတက်တာကိုမမြင်ဖူးဘူး။ ဒီတစ်ခါတော့ကျုပ် သူမရဲ့စွမ်းဆောင်မှုကိုမခန့်မှန်းနိုင်ဘူး။" အကြီးကဲလင်သည်သိသာအောင်မပြောသော်ငြားလည်း သူ၏လေသံထဲတွင်ရွဲ့နေသည်ကိုလူတိုင်းခံစားမိကြလေသည်။

အကြီးကဲကျင့်မျက်မှောင်ကြုပ်သွားလေသည်။ သူသည်အကြီးကဲလင်ပြောသောလေသံကို မကြိုက်သော်ငြားလည်း သူပြောတာမှန်သည်ကိုတော့သူလက်ခံရမည်ဖြစ်လေသည်။

ဓားစက်စည်းသည်ပုံရိပ်နယ်မြေစည်းနှင့်ကွဲပြားလေသည်။ လက်တွေတိုက်ခိုက်မှုစွမ်းရည်မရှိသောသူသည် အကယ်၍စည်းတည်ဆောက်မှုကိုကျွမ်းကျင်ပိုင်နိုင်သော်လည်း အချိန်အကြာကြီးခုခံနိုင်မည်မဟုတ်ပေ။

အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)Where stories live. Discover now