အခန်း ၁၀. ပြောင်းလဲခြင်း (၃)
........ဒုတိယအကြီးကဲမှာ ယဲ့အိမ်တော်၏ စွမ်းအားအကြီးဆုံးသူဖြစ်သည်။ သူရှိနေသည့်အချိန်အတွင်း အကြီးကဲသည် ယဲ့လင်းနှင့် ယဲ့ကျင့်ထန်အား သတ်ရဲမည်မဟုတ်ပေ။
ယဲ့ကျင့်ထန်အရင်ဘ၀တုန်းက အကြီးကဲသည် ယဲ့လင်းအား လုပ်ကြံပြီး ဒုတိယ အကြီးကဲအပေါ်အပြစ်ပုံချခဲ့သောကြောင့် ဒုတိယအကြီးကဲကိုပါ ရှင်းပစ်နိုင်ခဲ့သည်။
ထို့နှောက်ယဲ့ကျင့်ထန်သည်သူ့မအား ကူညီဖေးမပေးသော သူနှစ်ယောက်လုံးအား ဆုံးရှုံးခဲ့ရသည်။ သူမသာ အလျှင်အမြန်ထွက်မပြေးခဲ့လျှင် လင်မြို့တွင်ပင် သူမကိုအကြီးကဲသတ်ပစ်ခြင်းကို ခံခဲ့ရမည်ဖြစ်သည်။
သူမ အရင်ဘ၀က ခံစားခဲ့ရသော ဒုက္ခများမှာ အကြီးကဲ ပြန်ရောက်လာသည်နှင့် စတင်ခဲ့ခြင်းဖြစ်သည်။ ဒီတစ်ခါတော့ ထိုအရာများ နောက်တစ်ခေါက်ထပ်ဖြစ်မည်ကို သူမ ခွင့်မပြုတော့ပေ။
သူမ၏ ဖခင်သော်လည်းကောင်း၊ ဒုတိယ ဦးလေးကိုသော်လည်းကောင်း သူမကာကွယ်ပေးရမည်!!
သူမအရင်ဘ၀က ခံစားခဲ့ရသော ရန်ငြိုးအား အဆတစ်ရာ အကြီးအကဲအား ပြန်ပေးမည်။
ယဲ့ကျင့်ထန်၏ နှလုံးသားမှာ ထိုအချိန်တွင် လွန်စွာ လေးလံနေသည်။
"အဖေ, တစ်ယောက်လောက်ကို သမီးအတွက် ဆေးဖက်ဝင်တဲ့ အရွက်တွေ သွားဝယ်ခိုင်းပေးပါလား?" ဟု ရုတ်တရက် ယဲ့ကျင့်ထန်မေးလိုက်သည်။
"ဒါပေါ့သမီးရဲ့၊ သမီးဘာလိုချင်လည်း? ချရေးထားလိုက်။ အဖေ ပြီးတော့ တစ်ယောက်ယောက် ကိုသွားဝယ်ခိုင်းလိုက်မယ်" ဟု ယဲ့လင်းပြောသည်။
သူ့သမီးအား ဒ၀မ်းထျန်ယောင်နှင့် ပက်သက်ပြီး စိတ်ညစ်နေမည်ကိုစိုး၍ သူ့သမီးလိုအပ်သောအရာများကို ဖြည့်ဆည်းပေးလေသည်။ယဲ့ကျင့်ထန်သည် ခေါင်းငြိမ့်လိုက်ပြီး အမျိုးအမယ်များလှသော ဆေးဖက်ဝင်အပင်စာရင်းအားရေးပြီး ယဲ့လင့်အားပေးခဲ့သည်။
YOU ARE READING
အင်အားကြီးမိဖုရား၏ ပြန်လည်ရှင်သန်ခြင်း(Myanmar Translation)
Historical FictionTranslation work of HanMay & GinYu (Best Novels Collection Team- BNC Team) U can search 'Best Novels Collection Team' on Fb💛 Every Tuesday & bonus day⭐ (Paid gpရိွ)